ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ကမ္ဘောဒီးယား အတိုက်အခံ နှိုးဆော်

(ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ဟောင်း Sam Rainsy ဆမ် ရိန်းစီး ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်)
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ကို အာဏာလက်လွှတ်ချိန်တန်ပြီဖြစ်ကြောင်း ထင်ထင်ရှားရှား ပြသဖို့အတွက် ပြည်သူတွေအနေနဲ့ ဒီလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေကို သပိတ်မှောက်ကြပါလို့ အစိုးရ အတိုက်အခံခေါင်းဆောင်ဟောင်း Sam Rainsy ဆမ် ရိန်းစီး က ကြာသပတေးနေ့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

တိုင်းပြည် အာဏာယူထားတာ ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟွန်ဆင်ဟာ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံတွေကို အပြင်းအထန် ချေမှုန်းနေတဲ့အတွက် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လောက်လွတ်လပ်မျှတပြီး တရားဝင်မှာလဲလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတိုက်အခံတွေက မေးခွန်းထုတ်နေကြချိန်မှာ ပြည်ပရောက် ကမ္ဘောဒီးယား ခေါင်းဆောင်ဟောင်း ဆမ် ရိန်းစီး က အတိုက်အခံတွေ မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဟာ အဓိပ္ပါယ်မရှိတဲ့အတွက် ဇူလိုင် ၂၉ ရက်နေ့မှာ ပြည်သူတွေ မဲရုံမသွားပွဲ သပိတ်မှောက်ကြဖို့ အခုလို နှိုးဆော်လိုက်တာပါ။

RFA Burmese
https://www.facebook.com/rfaburmese
ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ကမ္ဘောဒီးယား အတိုက်အခံ နှိုးဆော် ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ကမ္ဘောဒီးယား အတိုက်အခံ နှိုးဆော် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.