မေတ္တာမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းနံရံမြေပြိုကျ၍ အမျိုးသားတစ်ဦးသေဆုံး


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ဟိန္ဒားကျေးရွာအုပ်စု၊ မြောင်းပြိုကျေးရွာ ဟိန္ဒားသတ္တုတွင်း(MPC)ကုမ္ပဏီ လုပ်ကွက်အမှတ်(B) တောင်ဘက် မရမ်းချိုင့်လျှိုအတွင်းမှာ ဇူလိုင်(၃၀)ရက် ည(၈)နာရီကျော်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းနံရံမြေပြိုကျကာ ပိတ်မိပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ် ။

ဖြစ်စဉ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်စောင်း နံရံမြေသားတွေ ပြိုကျခဲ့ပြီး မြောင်းပြိုကျေးရွာနေသူ မောင်ဇော်မင်းဦးဟာ မြေပိကာ (ပြင်ပဒဏ်ရာမရှိ) သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူဟာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ မေတ္တာရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၈)နဲ့ စစ်ဆေးဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း၊ဓာတ်ပုံ - လင်းလင်း(ရေဖြူ)
One News Myanmar
https://www.facebook.com/onenewsmyan/
မေတ္တာမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းနံရံမြေပြိုကျ၍ အမျိုးသားတစ်ဦးသေဆုံး မေတ္တာမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းနံရံမြေပြိုကျ၍ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.