မြေသားလမ်းဖောက်လုပ်စဉ် တူးထားတဲ့ ကျင်းထဲဝင်ဆော့ရာမှ ညီအစ်ကို ၀မ်းကွဲသုံးဦး ရေနှစ်သေဆုံး


ဆီဆိုင်၊ ဇူလိုင် -၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ မြေသားလမ်းဖောက်လုပ်စဉ်က တူးထားတဲ့ ကျင်းထဲ ၀င်ဆော့ရာမှာ တစ်ရွာထဲနေ ညီအစ်ကို ၀မ်းကွဲ ၃ ဦးသေဆုံးမှု ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကောင်း ရွာနေ ဒုတိယတန်းကျောင်းသား မောင်ဒီ ၊ အသက် (၇) နှစ်၊ နောင်ကောင်းရွာ်နေ စတုတ္တတန်းကျောင်းသား ဇော်ခင် ၊ အသက် (၈) နှစ်နဲ့ နောင်ကောင်းရွာနေ ဒုတိယတန်းကျောင်းသား မင်းသား အသက် (၇) နှစ်တို့ ဟာ ဇူလိုင်လ၁၉ ရက်နေ့ ညနေ ၃း၀၀နာက နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးတော့ ည ၇၀၀နာရီကျော်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက် ကျေးရွာသားများက ၀ိုင်းဝန်းရှာဖွေခဲ့တယ်လို့ ဆီဆိုင်မြို့မရဲစခန်းမှတ်တမ်းမှာဖော်ပြထားပါတယ်။

ကျေးရွာသားများဝိုင်းဝန်းရှာဖွေခဲ့စဉ် ည၈၀၀နာရီလောက်မှာ မြေသားလမ်းဖောက်လုပ်စဉ်က တူးထားတဲ့ ကျင်းထဲ ရှိ ရေအိုင်ထဲမှာ ရေနှစ်သေဆုံးနေတဲ့ ကလေးငယ် ၃ ဦးကိုတွေ့ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

အခုရက်ပိုင်းမှာ မိုးတွေ အဆက်မပြတ်နေ့စဉ်ရွာသွန်းနေတာကြောင့် ကလေးငယ်သုံးဦး ၀င်ဆော့တဲ့ ကျင်းထဲမှာ ရေတွေပြည့်နေပြီး ရေကန်လိုဖြစ်နေကာ ပြန်မထွက်နိုင်ပဲ ရေမွန်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ကလေးငယ် ၃ ဦး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်သိရှိစေနိုင်ဖို့ ဆီဆိုင်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၈ နဲ့အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။

သတင်း - နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မြေသားလမ်းဖောက်လုပ်စဉ် တူးထားတဲ့ ကျင်းထဲဝင်ဆော့ရာမှ ညီအစ်ကို ၀မ်းကွဲသုံးဦး ရေနှစ်သေဆုံး မြေသားလမ်းဖောက်လုပ်စဉ် တူးထားတဲ့ ကျင်းထဲဝင်ဆော့ရာမှ ညီအစ်ကို ၀မ်းကွဲသုံးဦး ရေနှစ်သေဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.