တရုတ်လေယာဉ်မှူး စီးကရက်ကြောင့် လေယာဉ်ဇောက်ထိုးကျ

 အောက်စီဂျင်ပိုက်တွေပြုတ်ကျလာ
အဲချိုင်းနား တရုတ် လေကြောင်းလိုင်းရဲ့ တွဲဘက် လေယာဉ်မှူး ဟာ လေယာဉ်ပျံနေချိန် အီးစီးကရက် သောက်နေခဲ့တာကို ဖွက်ဖို့ ကြိုးစားရင်း လေယာဉ် အရေးပေါ် ဆင်းသက် ခဲ့ရတာဟာ မှားယွင်းဖြစ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူ တွေက ကောက်ချက်ချပါတယ်။

အဲဒီ လေယာဉ်က ဟောင်ကောင်ကနေ ဒါလီယန် ကို ပျံသန်းခဲ့တာပါ။

တရုတ် သတင်းမီဒီယာတွေမှာတော့ အဲဒီလေယာဉ်မှူးက သူသောက်နေတဲ့ အီးစီးကရက်ရဲ့ အငွေ့တွေ ခရီးသည်တွေဆီမရောက်အောင် လေဝင်လေထွက်စနစ်ကို ပိတ်ခဲ့တာလို့ ပြောနေကြပါတယ်။

ဒါပေမဲ့ သူက မှားယွင်းပြီး လေယာဉ်ရဲ့ လေအေးပေးစက်ကို ပိတ်လိုက်တဲ့အတွက် လေယာဉ်ပေါ်မှာ အောက်ဆီဂျင် နည်းသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
တရုတ်လေယာဉ်မှူး စီးကရက်ကြောင့် လေယာဉ်ဇောက်ထိုးကျ တရုတ်လေယာဉ်မှူး စီးကရက်ကြောင့် လေယာဉ်ဇောက်ထိုးကျ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.