မြောင်းမြတွင် ဆယ်ကျော်သက်အရွယ် ကလေးသုံးဦး ပျောက်ဆုံးမှု ဖြစ်ပွား


မြောင်းမြ  ၂၁ ဇူလိုင်

မြောင်းမြတွင် ဆယ်ကျော်သက်အရွယ် ကလေးသုံးဦး ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့အမှတ်(၇) ရပ်ကွက်၊ ရွှေဂုံတိုင်(၂)လမ်းတွင် နေထိုင်သူ ဦးလှတင့်၏ သမီးဖြစ်သူ  မအိရွှေစင်  အသက်(၁၆)နှစ်၊  ဦးမျိုးနိုင်၏ သမီးဖြစ်သူ  မချစ်ပိုပို  အသက်(၁၅)နှစ်နှင့် ဦးဝင်းကို၏ သမီးဖြစ်သူ မအေးပြုံးကျော် အသက်(၁၇)နှစ် တို့သည် အိမ်နားတွင် အလုပ်လုပ်နေစဉ် မုန့်ထွက်စားမည်ဟု ပြောကာ ထွက်သွားပြီး ပြန်မရောက်လာဘဲ ပျောက်သွားခဲ့ကြောင်း  မအိရွှေစင်၏ဖခင် ဦးလှတင့်က ပြောသည်။

အဆိုပါ ကလေးသုံးဦး ပျောက်ဆုံးနေသည့် ကိစ္စနှင့်ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းမှ ကလေးများ အမြန်ဆုံး ပြန်လည်တွေ့ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Myanmar Digital News
http://myanmardigital.news
မြောင်းမြတွင် ဆယ်ကျော်သက်အရွယ် ကလေးသုံးဦး ပျောက်ဆုံးမှု ဖြစ်ပွား  မြောင်းမြတွင် ဆယ်ကျော်သက်အရွယ် ကလေးသုံးဦး ပျောက်ဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.