ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း၊ ဘူးကုန်းအရှေ့ဘက် ရေချောင်းအတွင်း အမျိုးသား သေဆုံးအလောင်းတွေ့ရှိ


(၂၃.၇.၂၀၁၈)ရက်နေ့ နံနက် ၀၈း၃၆အချိန်ခန့်တွင် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း၊ ဘူးကုန်းအရှေ့ဘက် ရေချောင်းအတွင်း အမျိုးသား သေဆုံးအလောင်းတွေ့ရှိရကြောင်း သိရသည်။

အဆိုပါအလောင်းတွေ့ရှိရာသို့ ပုသိမ်ကြီးမြို့နယ် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ပြီး ရွှေကြေးစည်နာမှုကူညီရေးယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ပုသိမ်ကြီးမြို့နယ် နယ်မြေခံရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Sources& Photo TheinTunAung.Rescue)
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း၊ ဘူးကုန်းအရှေ့ဘက် ရေချောင်းအတွင်း အမျိုးသား သေဆုံးအလောင်းတွေ့ရှိ ပုသိမ်ကြီးမြို့နယ်၊ ၁၉လမ်း၊ ဘူးကုန်းအရှေ့ဘက် ရေချောင်းအတွင်း အမျိုးသား သေဆုံးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.