ဖားကန့် ၁၁ ဇူလိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ BKESSING (ကျေးဇူးတော်) ကိုယ်ပိုင်အထက်တန်းကျောင်းမှ အဌမတန်း ကျောင်းသား ၁ ဦးနှင့် န၀မတန်းကျောင်းသား ၅ ဦး ပေါင်း ၆ ဦး ဇူလိုင် ၁၀ ရက်က ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင်၁၀ရက် နံနက်၇နာရီက ဆရာ ဆရာမများက ပုံမှန်ကျောင်းသား ကျောင်းသူများ စုံလင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ရာ ကျောင်းအိပ် ကျောင်းစားနေထိုင်ကာ ပညာသင်ယူလျက်ရှိသည့် အဌမတန်းကျောင်းသား မောင်တူးတွယ်(၁၄)နှစ်နှင့် န၀မတန်းကျောင်းသားများဖြစ်သည့် မောင်ဇော်ခွန်း(၁၅)နှစ်၊ မောင်ဆိုင်းဖုန် (၁၅)နှစ်၊ မောင်ဘောက်လာ(၁၆)နှစ်၊ မောင်ဆိုင်းအောင်မိုင် (၁၆)နှစ်နှင့် မောင်ဒွဲအောင်(၁၆)နှစ်တို့(၆)ဦးမှာ ပျောက်ဆုံးနေသဖြင့် ကျောင်းတာဝန်ခံ ဒေါက်တာ အောင်ဖန်းနှင့် ဆရာများက လိုက်လံရှာဖွေရာ မတွေ့ရှိရ၍ ၄င်းတို့၏မိဘအုပ်ထိန်းသူများနှင့် ဆက်သွယ်ကာ ပျောက်ဆုံးသွားသည့် ကျောင်းသား(၆)ဦးအား ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရေး ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားအမှုဖွင့်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အဌမတန်း ကျောင်းသား ကျောင်းသူ(၂၃)ဦး၊န၀မတန်းတွင်(၃၂)ဦးနှင့် တက္ကသိုလ် ၀င်တန်းတွင်(၆၀)ဦး ပညာ သင်ကြားလျက် ရှိကြောင်း သိရသည်။
ဝင်းနိုင် (ကချင်မြေ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews