တရုတ်ယွမ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်း ဆက်လက်ကျဆင်း

တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဘဏ်အဆောက်အအုံတခု၏ အပြင်ဘက်နံရံပေါ်တွင် နိုင်ငံတကာ ငွေကြေးသင်္ကေတပုံများ ရေးဆွဲထားသည်ကို တွေ့ရစဉ်။ (Photo: AP)
အမေရိကန် ဒေါ်လာတန်ဖိုး ဆက်ပြီး မြင့်တက်နေတဲ့အတွက် တရုတ်ယွမ်ငွေနဲ့ လဲလှယ်နှုန်းဟာ ဒီနေ့ တဒေါ်လာကို ၆.၈ ယွမ်သာရှိပြီး တနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်လာပါတယ်။

အမေရိကန်နဲ့တရုတ် အပြန်အလှန် အခွန်တိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲ နွဲကြမယ့်အချိန် ဖြစ်နေတဲ့အတွက် ယွမ်ငွေ တန်ဖိုးကျတာကို အစိုးရက ဝင်ထိန်းမယ့်အရိပ်အယောင် မမြင်ရဘူးလို့ အကဲခတ်ပုဂ္ဂိုလ်တွေက ဆိုပါတယ်။

ငွေလဲလှယ်နှုန်း ကျဆင်းတဲ့အတွက် တရုတ်ကုန်ပစ္စည်းတွေ ဈေးချိုလာပြီး ပြည်ပ ကုန်တင်ပို့သူတွေအတွက် အကျိုးရှိနိုင်တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်ယွမ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်း ဆက်လက်ကျဆင်း တရုတ်ယွမ်ငွေနဲ့ ဒေါ်လာလဲလှယ်နှုန်း ဆက်လက်ကျဆင်း Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.