ဘားအံ ဇူလိုင် ၃၁
ဘားအံမြို့ ကော့လှိုက်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ကလေးငယ်တစ်ဦး ရေနစ်သေဆုံး ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဘားအံမြို့ ကော့လှိုက်ကျေးရွာနေ ကလေးခုနစ်ဦးသည် လက်လှော် လှေဖြင့် လှေလှော်ကစားခဲ့ရာ ထန်းတပင်ကျေးရွာ စာသင်ကျောင်းအနီးရှိ တံတားအရောက်တွင် လှေတိမ်းမှောက်ခဲ့ရာ အခြားခြောက်ဦး လွတ်မြောက် ခဲ့သော်လည်း ကော့လှိုက်ရွာနေ အသက် (၁၀)နှစ်အရွယ် (၅)တန်း ကျောင်းသူ မိန်းကလေးတစ်ဦးမှာ ရေနစ်သေဆုံးခဲ့ ကြောင်း သိရသည်။
( ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကော့လှိုက်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် လှေတိမ်းမှောက်၍ ကလေးငယ် တစ်ဦး ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
19:59
Rating:
