တက္ကသိုလ်ဝင်းအတွင်း လုယက်မှု၊ ခိုးမှုတွေ များနေ

လုယက်မှုတွေ ဖြစ်ပွားနေတာကို ဖြေရှင်းပေးဖို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေ ၂၀၁၈၊ ဇူလိုင်လ ၉ ရက်နေ့က ဆန္ဒပြ တောင်းဆိုစဉ်/ Photo: Khaymani Win/ RFA
မန္တလေးတက္ကသိုလ်အတွင်းမှာ လုယက်မှုတွေ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။

ကျောင်းဝင်းအတွင်း စိုးရိမ်စရာ အခြေအနေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ကျောင်းအာဏာပိုင်တွေထံ တောင်းဆို ကြောင်း မနက်ပိုင်းမှာ သမဂ္ဂခေါင်းဆောင်တချို့ ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်က ပြောပါတယ်။

"အခုလက်ရှိ ကျောင်းသားတွေက စာသင်နေရင်တောင် ကိုယ့်ဆိုင်ကယ်ပျောက်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ စာသင်နေရတယ်။ ဒါက ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်တယ်။ တချို့ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ကလည်း ကျောင်းသားတွေ ဆန္ဒပြရင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်တယ်။ အခုကျောင်းသားတွေ ဒီလိုဖြစ်နေတယ်။ သူတို့ပြောခဲ့တဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ဘယ်လောက်ထိ အာမခံပေးမလဲ။ ဒါက မေးခွန်းထုတ်စရာဖြစ်ပါတယ်"

ဆန္ဒပြသူတွေက ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းရာမှာ နစ်နာမှုတွေ ရှိခဲ့တာကို ကျောင်းလုံခြုံရေး တာဝန် ယူထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး လျော်ကြေးပေးမှာဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ပါမောက္ခချုပ် လေးဦး၊ လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ၊ ကျောင်းသားရေးရာ ဌာနမှူးတို့ ပါဝင်တယ်လို့ သိရပါတယ်။

အရင်ကလည်း အလားတူ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာလည်း စောင့်ကြည့် သွားမယ်လို့ ကိုကျော်ဝင်းစိန်က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
တက္ကသိုလ်ဝင်းအတွင်း လုယက်မှု၊ ခိုးမှုတွေ များနေ တက္ကသိုလ်ဝင်းအတွင်း လုယက်မှု၊ ခိုးမှုတွေ များနေ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.