ပေါက်မြို့နယ်၌ (၁၀)ဘီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွား


ပေါက် ၂၃ ဇူလိုင်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က ပေါက်ဘက်မှ ပခုက္ကူဘက်သို့ ယာဉ်မောင်း ဦးနန်းဝင်းအောင် မောင်းနှင်လာသော Nissan အမျိုးအစား (၁၀)ဘီးယာဉ်တစ်စီး သည် ယောချောင်းဖြတ် အမှတ်(၁) ပေါက်တံတားပေါ်တွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားတိုင်အမှတ် P12 နှင့် P13 အကြားရှိ လက်ရန်းတိုင်များအား တိုက်မိကာ တံတားအောက်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဦးနန်းဝင်အောင်နှင့် ယာဉ်နောက်လိုက် ဦးချစ်ခိုင်တို့မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သဖြင့် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းအား ပခုက္ကူခရိုင် မြိုင်မြို့နယ် ပေါက်တော့ကုန်းကျေးရွာနေ ယာဉ်မောင်း ဦးနန်းဝင်းအောင်အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပေါက်မြို့နယ်၌ (၁၀)ဘီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွား ပေါက်မြို့နယ်၌ (၁၀)ဘီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ တံတားပေါ်မှ ပြုတ်ကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.