ကာမိုင်း-ဖားကန့်သွား ကားလမ်းရေကျော်မှု ပိုမိုဆိုးရွားလာ၍ ခရီးသွားယာဉ်များသွားလာမှု ရပ်တန့်ထား


ကာမိုင်း ဇူလိုင် ၇

ကာမိုင်း- ဖားကန့်သွားကားလမ်းမ ကြီးပေါ်ရှိ ကာမိုင်းမြို့နှင့် မအူပင် ကျေးရွာ ကြား ခြောက်မိုင်ကားလမ်းပေါ်သို့ ရေကျော်နေမှုမှာ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉နာရီခန့် တွင် ရေအနက် သုံးပေကျော်ခန့်ရှိလာပြီး ကားလမ်းအရှည်ပေ တစ်ထောင်ကျော် ခန့် ရေများဖုံးလွှမ်းလျက်ရှိရာ ရေများ ဆက်လက်မြင့်တက်လာနေကြောင်း သိရ သည်။

အဆိုပါ ရေကျော်မှုဖြစ်စဉ်ကြောင့် ယနေ့နံနက် ၈ နာရီခန့်က ခြောက်ဘီး ယာဉ်တစ်စီး လမ်းမှားမောင်းမိ၍ လမ်းချော်တိမ်းစောင်းသွားခဲ့ကြောင်း၊ ကာမိုင်း - ဖားကန့်သွားကားလမ်းမပေါ်သို့ ဇူလိုင် ၄ ရက်မှစတင်၍ ရေကျော်လာခဲ့ရာ ရေစတင်ကျော်သည့်နေ့က အနက် တစ်ပေခန့်နှင့် ပေ ၂ဝဝ ကျော်ထိသာ ရေဖုံးလွှမ်းခဲ့ရာ ခရီးသွားယာဉ်များ အ္တရာယ်ကင်းစွာ သွားလာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရေကျော်နေမှုကြောင့် ခရီးသွားယာဉ်များဖြတ်သန်းသွားလာရန် အန္တရာယ်ရှိနေသဖြင့်နံနက် ၉ နာရီခွဲခန့်မှ စ၍ ယာဉ်သွားလာမှုကို ရပ်တန့်ထား ကြောင်း၊ ခရီးသွားယာဉ်များအန္တရာယ် ကင်းရှင်းရေးနှင့် လိုအပ်သည်တို့ကိုကူညီ ဆောင်ရွက်ပေးနိုင်ရန် ကာမိုင်းမြို့ နယ်မြေခံစခန်းမှ ဒုတိယရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီး မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကာမိုင်းမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အသင့်စောင့်ကြပ်လျက်ရှိကြောင်း သိရ သည်။

 ယခု ကားလမ်းရေကျော်မှုမှာ အထက်ဘက်မိုးရွာသွန်းမှုမှ နန့်ကောင်း ချောင်းရေ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ကာမိုင်းမြို့၌ ဇူလိုင်၂ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု မရှိကြောင်း၊ ရေလျော့ကျနိုင်မည့်အခြေ အနေမရှိသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ကာမိုင်း (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကာမိုင်း-ဖားကန့်သွား ကားလမ်းရေကျော်မှု ပိုမိုဆိုးရွားလာ၍ ခရီးသွားယာဉ်များသွားလာမှု ရပ်တန့်ထား ကာမိုင်း-ဖားကန့်သွား ကားလမ်းရေကျော်မှု ပိုမိုဆိုးရွားလာ၍ ခရီးသွားယာဉ်များသွားလာမှု ရပ်တန့်ထား Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.