ဘုရားဝင်းအတွင်း မြေတူးဖော်ရာမှ လူရိုးများတွေ့ရှိ


ဇူလိုင် ၉

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၇၇ လမ်း ၃၁ လမ်းထောင့်ရှိ ရွှေဘုံသာမြတ်စွာဘုရားဝင်းအတွင်း မြေတူးဖော်ရာမှ ဇူလိုင်လ ၉ ရက် ညနေပိုင်းက လူရိုးများတွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

ယင်းဘုရားဝင်းအတွင်းရှိ ဗမာန်တော်အား တိုးချဲ့ဆောက်လုပ်ရန်အတွက် ဂေါပကအဖွဲ့ နှင့် အလုပ်သမားများသည် လွယ်ခဲ့သည့် (၁၀) နှစ်ခန့်က ခင်းထားသော သံမံတလင်းအား ဖောက်၍ တူးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။


လူရိုးများတွေ့ရှိသည့်နေရာသို့ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး မှ လာရောက်စစ်ဆေးခဲ့ပြီး လွန်ခဲ့သည့် အနှစ် (၂၀) က ဆင်ဖြူကန်သင်္ချိုင်းရွှေ့ပြောင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အလုပ်သမားများက လူရိုးများကို ရပ်ကွက်အတွင်း ယူလာသည့်အတွက် ရွှေဘုံသာမြတ်စွာဘုရားဝင်းအတွင်း စွန့်ပစ်ခဲ့ဖူးကြောင်း သိရသည်။

တွေ့ရှိခဲ့သည့် လူရိုးများအား ရွှေဘုံသာလူမှုကူညီရေးအသင်း ထံအပ်၍ သင်္ချိုင်းမြေတွင် စွန့်ပစ်ရန် ဆောင်ရွက်ထားကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ က သိရသည်။

နို်င်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews
ဘုရားဝင်းအတွင်း မြေတူးဖော်ရာမှ လူရိုးများတွေ့ရှိ ဘုရားဝင်းအတွင်း မြေတူးဖော်ရာမှ လူရိုးများတွေ့ရှိ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.