မအူပင်​မြို့နယ်​ ဘီးလင်း​ကျေးရွာတွင်​ ၂တန်း​ကျောင်းသူ​လေးတစ်​ဦး အသတ်​ခံရပြီး နားကွင်း တစ်​ရံ​ပျောက်​ဆုံး


၂၀-၀၇-၂၀၁၇

ဧရာဝတီတိုင်း​ဒေသကြီး ၊ မအူပင်​ခရိုင်​ ၊ မအူပင်​မြို့နယ်​ ၊ ကျွဲဒုံး​ကျေးရွာနယ်​​မြေရဲစခန်းအပိုင်​ ၊ ဘီး​လင်း​ကျေးရွာအုပ်​စု ၊ ဘီးလင်း​ကျေးရွာတွင်​ ၂တန်း​ကျောင်းသူ​လေး မခြူးမြတ်​ချယ်​(ခ)ဂျူးဂျူး (၇)နှစ်​ ၊ (ဘ)ဦးမျိုးမြင့်​သည်​  ၂၀-၀၇-၂၀၁၇ နံနက်​က အတန်းတူ ​မောင်​ဝမ်းကွဲဖြစ်​သူနှင့်​ ဘီးလင်းအ​ခြေခံပညာမူလတန်း​​ကျောင်းသို့ သွား​ရောက်​ရာ ​ကျောင်းမ​ခေါ်ခင်​ မုန့်​ထွက်​ဝယ်​စားရန်​ တစ်​ဦးတည်း ​ကျောင်းအတွင်းမှ ပြင်​ပသို့ ပြန်​လည်​ထွက်​သွားစဉ်​ ​ကျောင်းနှင့်​ ​လူနေအိမ်​ ​လေးခြံကျော်​ခန့်​ ခြား​သော လူမ​နေသည့်​ ​နေအိမ်​ ခြံဝန်းကြီးတစ်​ခု၏ အ​နောက်​ဖက်​ လယ်​ကွင်းစပ်​၌ ​မှောက်​ခုံအ​နေအထားဖြင့်​ ရွံ့နွံထဲ ထိုးနစ်​မြုပ်​ခံထားရ၍ ​သေဆုံး​နေသည်​ကို နံနက်​ ၁၀နာရီ ဝန်းကျင်မှာ ​ဘေးပတ်​ဝန်းကျင်​​နေအိမ်​ရှိ အမျိုးသမီးကြီးတစ်​ဦးက တွေ့ ရှိခဲ့သည်။

 ၎င်း၏ ​နေအိမ်​နောက်​​ဖေးမှ စတင်​တွေ့ရှိ​ခဲ့ရပြီး ဝတ်​ဆင်​ထားသည့်​ နားကွင်း တစ်​ရံလည်း ​ပျောက်​ဆုံးသွား​ကြောင်း ၊ အခင်းဖြစ်​ရာအနီးတွင်​ တောရွာမှ ​သောက်​​လေ့​သောက်​ထရှိ​သော အရက်​မျိုးအား အခြားအ​ရောင်​ရှိသည့်​ အရည်​ဖြင့်​​ရောစပ်​ထားလျက်​ လက်​နှစ်​လုံးစာသာကျန်​ရှိ​တော့သည့်​ အ​နေအထားဖြင့်​ အနီ​ရောင်​ပလတ်​စတစ်​ဖုံး ဖန်​/ပုလင်းဖြူတစ်​လုံးကို တွေ့ရှိရ​ကြောင်း ကနဦးသတင်းအရ သိရသည်​ ။

သေဆုံးသူ က​လေးငယ်​၏ ကိုယ်​ခန္ဓာတွင်​ လည်​ပင်း အညိုအမဲစွဲကာ ထူးထူးခြားခြား ပြင်​ပ ဒဏ်​ရာ ဒဏ်​ချက်​များ မ​တွေ့ရှိရဘဲ လည်​ပင်းညှစ်​ခံရ၍ ရွံ့နွံ့ထဲမျက်​နှာမှာ​မှောက်​လျက်​ဖြင့်​ ဆက်​လက်​ထိုးနစ်​ခံရသဖြင့်​ အသက်​ရှူမွန်​ကြပ်​ပြီး​ ​သေဆုံးရဟန်​ရှိ​ကြောင်း ၊ ရုပ်​အ​လောင်းမှာ ​နေ့လည်​ ၁၂.၃၀နာရီအချိန်​ခန့့်​တွင်​ မအူပင်ခရိုင်​ပြည်​သူ့​ဆေးရုံကြီး ရင်​ခွဲရုံသို့ ပို့​ဆောင်​ စစ်​​ဆေး​စေလျက်​ရှိပြီး အမှုမှန်​​ပေါ်​ပေါက်​​ရေးနှင့်​ တရားခံ​ဖော်​ထုတ်​ဖမ်းဆီးရမိ​ရေးအတွက်​ ရဲတပ်​ဖွဲ့မှ ဆက်​လက်​ ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​ ။

Kaung Myat
https://www.facebook.com/kaungmyat.soe.54
မအူပင်​မြို့နယ်​ ဘီးလင်း​ကျေးရွာတွင်​ ၂တန်း​ကျောင်းသူ​လေးတစ်​ဦး အသတ်​ခံရပြီး နားကွင်း တစ်​ရံ​ပျောက်​ဆုံး မအူပင်​မြို့နယ်​ ဘီးလင်း​ကျေးရွာတွင်​ ၂တန်း​ကျောင်းသူ​လေးတစ်​ဦး အသတ်​ခံရပြီး နားကွင်း တစ်​ရံ​ပျောက်​ဆုံး Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.