မတ္တရာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး


မတ္တရာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်ခရိုင် မတ္တရာမြို့နယ် ထီးတော် မိုးကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းတွင် ယမန်နေ့ နံနက် ၆ နာရီခွဲက ခရီးသည်တင်အဝေး ပြေးယာဉ်နှင့်ဆိုင်ကယ် တိုက်မိရာ နှစ်ဦးသေဆုံးကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မတ္တရာမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေး ရာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၉/၅) အနီးတွင် မိုးကုတ်ဘက်မှ မန္တလေးဘက်သို့ ကိုမင်းမင်း (စိစစ်ဆဲ)မောင်းနှင်ပြီး သက်ပိုင်ထက် (၁၈ နှစ်) ကံပြင် ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ လိုက်ပါလာသော ဆိုင်ကယ်အား မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ ခရီးသည်များတင်ဆောင်ပြီး ဝင်း နိုင်ဌေး(စိစစ်ဆဲ) တောင်ဒဂုံမြို့နယ် ရန်ကုန်မြို့နေသူ မောင်းနှင်လာ သည့် YGN-5P/----ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်း နိုင်ဘဲဝင်ရောက်တိုက်မိခဲ့ပြီး သက် ပိုင်ထက်နှင့် ကိုမင်းမင်းတို့နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွား သောနေရာတွင် သေဆုံးသွားခဲ့ ကြောင်းနှင့်ယာဉ်မောင်းဝင်းနိုင်ဌေး က အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ယာဉ်အား မဆင်မခြင်မောင်း နှင်ပြီး ထွက်ပြေးတိမ်းရှောင်နေ သူ ယာဉ်မောင်း ဝင်းနိုင်ဌေးအား မတ္တရာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
The Union Daily
https://www.facebook.com/uniondaily.net
မတ္တရာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး မတ္တရာမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.