နိုင်ငံသားစာရင်းထဲ မပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းမှာမဟုတ်

 အိန္ဒိယရဲ့တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကြေညာမယ့် နိုင်ငံသားစာရင်းထဲ မပါဝင်သူတွေကို ဖမ်းဆီး ထိန်းသိမ်းမှာမဟုတ်ဘဲ၊ တမျိုးတဖုံ စီစဉ်မှာ ဖြစ်ကြောင်း အစိုးရကပြောပါတယ်။

အာသံပြည်နယ်ရောက် မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ခိုးဝင်လာသူတွေအဖြစ် ပစ်မှတ်ထားမယ့်အရေး စိုးရိမ်နေကြချိန်မှာ အိန္ဒိယအစိုးရက အခုလိုပြောလိုက်တာပါ။

လူတိုင်း လူတိုင်း တရားမျှတမှုကို ခံစားခွင့်ရရှိစေမှာဖြစ်ပြီး၊ လူသားဆန်ဆန် ပြုမူဆက်ဆံမှာဖြစ်ကြောင်း၊ တရားဥပဒေအောက်မှာ ရရှိနိုင်သမျှ အခွင့်အရေးတွေကို လူတိုင်းခံစားရမှာဖြစ်ကြောင်း၊ တရားရုံး ဆုံးဖြတ် ချက်ကို မကျေနပ်သူ မည်သူမဆို နိုင်ငံခြားသားဆိုငိရာခုံရုံးမှာ ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်ပါတယ်။

အာသံပြည်နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မှာ အသစ်ကြေညာမယ့် နိုင်ငံသားစာရင်းသစ်အတွက်၊ လူတိုင်း၊ မိသားစုဝင်တိုင်း ၁၉၇၁ ခုနှစ်၊ မတ်လ ၂၄ရက်နေ့ မတိုင်ခင်ကတည်းက အိန္ဒိယနိုင်ငံတွင်းမှာ ရှိနေကြောင်း အထောက်အထားကို ပြသရမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံသားစာရင်းထဲ မပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းမှာမဟုတ် နိုင်ငံသားစာရင်းထဲ မပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းမှာမဟုတ် Reviewed by THITHTOOLWIN on 10:20 Rating: 5
Powered by Blogger.