အရက်​အတူ​သောက်​ရင်း စကားများ ရန်​ဖြစ်​ရာမှဓားဖြင့်​ခုတ်​၍ တစ်​ဦး​သေဆုံး


ကန့်​ဘလူ ဇူလိုင်​ ၃၁

စ​စ်​ကိုင်းတိုင်း​ဒေသကြီး ကန့်​ဘလူမြို့နယ်​ဟင်​​သော်​​ကျေးရွာ အုပ်​စု အုတ်​​ခြောက်​လုံး​တောတိုက်​တွင်​ ဇူလိုင်​ ၃၀ ရက်​ည ၁၁ နာရီ ၄၅ မိနစ်​ခန့်​ က ဝါးခုတ်​သွားသူအချင်းချင်း အရက်​အတူ​သောက်​ရင်းစကားများရန်​ဖြစ်​ရာမှ ဓားဖြင့်​ခုတ်​၍တစ်​ဦး​နေရာတွင်​ပွဲချင်းပြီး​သေဆုံးသွား​ကြောင်း
သိရသည်​။

ကန့်​ဘလူမြို့နယ်​ အင်းလယ်​ကြီး​ကျေးရွာ​နေဦးတင်​​ငွေ(​သေဆုံး သူ၏ အစ်​ကို)သည်​​နေအိမ်​တွင်​ရှိ​နေစဉ်​ ဟင်​​သော်​​ကျေးရွာအုပ်​စု ​အုတ်​​ခြောက်​လုံး​တောတိုက်​သို့ ဝါးခုတ်​သွားသူ ညီအရင်း​တော်​စပ်​သူ ပွကြီး(၅၆)နှစ်​(အင်းလယ်​ကြီး​ကျေးရွာ)နှင့်​အတူဝါးခုတ်​သွားသူ စိုး​အောင်​(၅၂)နှစ်​(အင်းလယ်​ကြီး​ကျေးရွာ)တို့ အရက်​အတူ​သောက်​ပြီး စကားများရန်​ဖြစ်​ကာ ပွကြီးအား စိုး​အောင်​မှဝးခုတ်​ရာတွင်​အသုံးပြုသည့်​ ဓားမ(အရိုးအသွား တစ်​​တောင်​ထွာခန့်​)ဖြင့်​ ဂုတ်​ပိုးအား တစ်​ချက်​ခုတ်ခဲ့ရာ အခင်းဖြစ်​​နေရာတွင်​ပင်​ ​သေဆုံးသွား​ကြောင်းသိရှိခဲ့ရသည်​။

သို့ဖြစ်​၍ ဓားဖြင့်​ခုတ်​သူ စိုး​အောင်​အားအ​ရေးယူ​ပေးရန်​ တရားလိုပြုလုပ်​တိုင်​တန်းခဲ့၍ကန့်​ဘလူမြို့မရဲစခန်းမှ (ပ)အမှတ်​ ၁၆၉/၂၀၁၈၊ပုဒ်​မ ၃၀၂ ဖြင့်​အမှုဖွင့်​ဖမ်းဆီးစစ်​​ဆေး​ဆောင်​ရွက်
လျက်​ရှိ​ကြောင်း သိရသည်​။

အောင်​ဝင်းငြိမ်း(ကန့်​ဘလူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရက်​အတူ​သောက်​ရင်း စကားများ ရန်​ဖြစ်​ရာမှဓားဖြင့်​ခုတ်​၍ တစ်​ဦး​သေဆုံး အရက်​အတူ​သောက်​ရင်း စကားများ ရန်​ဖြစ်​ရာမှဓားဖြင့်​ခုတ်​၍ တစ်​ဦး​သေဆုံး Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.