အမာမြို့တွင် လေဆင်နှာမောင်းကြောင့် လူနေအိမ်အဆောက်အဦများ ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အမာမြို့အမှတ် ၁ ရပ်ကွက်နှင့် ခတ္တာကျွန်းကျေးရွာတွင် ဇူလိုင် ၂၀ ရက်နံနက်ပိုင်းက လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လူနေအိမ်၊ ဈေးဆိုင် အလုပ်ရုံများ ပျက်စီးခဲ့ပြီး စက်လှေတစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

အမာမြို့ အမှတ် ၁ ရပ်ကွက်တွင် နံနက် ၆ နာရီအချိန်ခန့်က လေဆင်နှာမောင်း တိုက်ခတ်မှု့ကြောင့် နေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့ပြီး ခေတ္တာကျွန်းကျေးရွာတွင် နံနက် ၅ နာရီအချိန်ခန့်က လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၂ လုံး၊ အလုပ်ရုံ ၃ ရုံ၊ ဈေးဆိုင် ၁ လုံး၊ ဆိတ်တင်းကုတ် ၂ လုံးတို့ ပြိုကျ ပျက်စီးအမိုးလန်ခဲ့ပြီး ကမ်းတွင်ကပ်ထားသည့် လိုင်းစက်လှေ ၁ စီး တိမ်းမှောက်ခဲ့သော်လည်း လူအသေ အပျောက် ထိခိုက်ဒဏ်ရာ မရရှိကြောင်း အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

“အိမ်ထောင်စုတွေကို စာသင်ကျောင်းတွေနဲ့ ကျေးရွာ ကျန်းမာရေးဆေးပေးခန်းတွေမှာ နေရာပြောင်းရွှေ့ ထားပြီး အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လောလောဆယ် ကူညီစောင့်ရှောက်မှု ပေးထားပါတယ်။”ဟု အမာမြို့အုပ်ချုပ်ရေးမှူး (ယာယီ) ဦးရွှေစိုးဟန်က ပြောသည်။
လေဆင်နှမောင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၂၆ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူဦးရေ ကျား ၆၁ ဦး၊ မ ၅၈ ဦး စုစုပေါင်းလူဦးရေ ၁၁၉ ဦးကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကယ်ဆယ်ပေးထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အမာမြို့တွင် လေဆင်နှာမောင်းကြောင့် လူနေအိမ်အဆောက်အဦများ ပျက်စီး အမာမြို့တွင် လေဆင်နှာမောင်းကြောင့် လူနေအိမ်အဆောက်အဦများ ပျက်စီး Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.