မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ နဲ့ ကန် ဆွေးနွေး

(အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို [အလယ်] နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ယောင်ဝှာ [ယာ] တို့ ၂၀၁၈၊ ဇူလိုင် ၂၀ က နယူးယောက်မှာ တွေ့ဆုံစဉ်)
ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက် ကင်းစင်ရေးအတွက် မြောက်ကိုရီးယားဆီက ခိုင်မာတဲ့လုပ်ရပ် နဲ့ ပြုမူဆောင်ရွက်ချက်တွေ တွေ့မြင်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂ ဆိုင်ရာ နယ်သာလန် သံအမတ် ကာရယ် အူစတာရွန်က ဒီကိစ္စ ဆွေးနွေးမှုတွေ အခုထိ တိုးတက်မှုရှိနေတာ မိမိတို့အားလုံး သိရှိကြောင်း၊ ဒါပေမဲ့ လက်တွေ့မှာ ခိုင်မာတဲ့ ပြုမူဆောင်ရွက်ချက်တွေ မျက်မြင်တွေ့ရှိဖို့ မိမိတို့ စောင့်စားနေကြောင်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ယောင်ဝှာ တို့ တောင်ကိုရီးယား ကုလသမဂ္ဂမစ်ရှင်ရုံးမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် သဘောတူထားတဲ့ နျူးကလီးယားလက်နက် ဖျက်သိမ်းမှုကိစ္စ အကောင်အထည်ဖေါ်ရေးကို အပြည့်အ၀ လေ့လာသုံးသပ်ပြီး၊ လိုအပ်ရင် ပြင်းထန် တင်းကျပ်တဲ့ ပိတ်ဆို့ အရေးယူတာတွေ ချမှတ်ဖို့ ပွန်ပီယို က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တို့ရဲ့ သမိုင်းဝင်ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ် နျူးကလီယားလက်နက် ကင်းစင်ရေး ဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်တော့ အကောင်အထည်ဖေါ်မယ်၊ ဘယ်လိုဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေတော့ မပါဝင်ခဲ့ပါဘူး။

RFA Burmese
https://www.facebook.com
မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ နဲ့ ကန် ဆွေးနွေး မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီ နဲ့ ကန် ဆွေးနွေး Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.