မိုးညှင်းမြို့နယ် နန်းမားဒေသတွင် ခြိမ်းခြောက်၍ငွေတောင်းခံသောရဲတပ်ဖွဲ့ဝင်အား နန်းမားအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပြည်သူ့စစ်တို့မှဖမ်းဆီးခဲ့


မိုးညှင်း ဇူလိုင် ၁၂

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် နန်းမားဒေသတွင် ခြိမ်း ခြောက်ပြီး ငွေတောင်းခံသော ရဲ တပ်ဖွဲ့ဝင်တစ်ဦးအား နန်းမားအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့မှ ဝိုင်းဝန်းဖမ်း ဆီးပြီး သက်ဆိုင်ရာသို့ အပ်နှံပေးခဲ့ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နန်းမားကျေး ရွာအုပ်စု အလယ်တောရွာနေ ဒေါ်မြနွယ်သည် နေအိမ်၌ရှိနေစဉ် ကချင်ကွင်းတွင် လယ်ယာလုပ် ကိုင်နေသော ခင်ပွန်းဖြစ်သူဦးသန်း ဝင်းက ဖုန်းဖြင့်ဆက်သွယ်ပြီး သူငယ်ချင်းရောက်နေသဖြင့် ငွေ ကျပ်ငါးသိန်းယူပြီး လယ်တောသို့ လိုက်ခဲ့ရန် အကြောင်းကြားလာခဲ့ သည်။

ထို့ကြောင့် ဒေါ်မြနွယ်သည် ငွေကျပ်ငါးသိန်းယူဆောင်၍ လယ် တောသို့သွားရောက်ခဲ့ရာ ခင်ပွန်း ဖြစ်သူ ဦးသန်းဝင်းအား လူနှစ် ယောက်နှင့်အတူတွေ့ရပြီး ဦးသန်း ဝင်းအား လက်ထိတ်ခတ်ထား သဖြင့် ဘာဖြစ်တာလဲဟု မေးခဲ့ရာ အဆိုပါလူနှစ်ယောက်က''ခင်များ ယောက်ျားကို ဘိန်းနဲ့မိလို့ ဖမ်းထား တာ ထောင်မကျချင်ရင် ငွေ ၁ဝ သိန်းပေးရမယ်''ဟု ဟြေကြားခဲ့ ပြီး ၄င်းတို့မှာအောင်ဆန်းလတ်နှင့် ပြည့်ဖြိုးအောင်တို့ဖြစ်ကာ မိုးညှင်း မှရဲများဖြစ်ကြောင်း ဟြေကြား ခဲ့သည်။

ဒေါ်မြနွယ်က ''ငွေကျပ်ငါး သိန်းသာရှိကြောင်း''ဟြေကြားခဲ့ရာ ''ဒါဆို ကျန်တဲ့ငွေငါးသိန်းကို ဇွန် ၂၉ ရက်ကိုပေးရမယ်။ အခုပေးတဲ့ ငါးသိန်းကိုလည်း ဘယ်သူမှမဟြေ နဲ့ ဟြေရင် ခင်ဗျားယောက်ျား ထောင် ၁၂ နှစ်ကျမယ်''ဟုဟြေ ကာ ဦးသိန်းဝင်းအားလက်ထိတ် ဖြုတ်လွှတ်ပေးခဲ့သည်။

သို့ဖြင့် ဇွန် ၂၉ ရက်တွင် အဆိုပါလူတို့က ဖုန်းဆက်ခဲ့သော် လည်း ဒေါ်မြနွယ်မှပေးရန်ငွေမရှိ သဖြင့် ဖုန်းမကိုင်ဘဲထားခဲ့ပြီး ယခု လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ် လာခဲ့သဖြင့် နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး အားဟြေကြားကာ အကူအညီ တောင်းခံခဲ့သည်။

နန်းမားကျေးရွာအုပ်ချုပ်ရေး မှူးဦးခင်မောင်ဌေးသည် ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးအား တွေ့ဆုံအကြောင်း ကြားပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီ ခွဲတွင် ဒေါ်မြနွယ်အား ငွေတောင်း ခံသူတို့ချိန်းဆိုရာ နန်းမားကျေးရွာ နှင့် အလယ်ကုန်းကျေးရွာ ဆက် သွယ်သည့်လမ်းကြောင်းသို့ ငွေ ကျပ်သုံးသိန်းပေးကာ စေလွှတ် ခဲ့သည်။

ဒေါ်မြနွယ်က ငွေယူရန်လာ ရောက်သည့်ပြည့်ဖြိုးအောင်ဆိုသူ ၏လက်သို့ ငွေကျပ်သုံးသိန်းပေး အပ်နေစဉ် နန်းမားကျေးရွာအုပ် ချုပ်ရေးမှူး ဦးခင်မောင်ဌေးနှင့် ပြည်သူ့စစ်အဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီး ပြီး နန်းမားကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင်ထိန်းသိမ်းထားကာ သက် ဆိုင်ရာသို့ ဆက်သွယ်အကြောင်း ကြားခဲ့သဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်အေး၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းကျော်မျိုးဦး တို့ထံအပ်နှံပေးခဲ့ရာ တာဝန်ရှိသူတို့ က ဥပဒေနှင့်အညီ အရေးယူနိုင် ရန်အတွက် ပြည့်ဖြိုးအောင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ နန်းမားဒေသ မှာမူးယစ်ဆေးဝါးမိရင် ဖမ်းဆီးမှု မရှိဘဲ အဲသလို ခြိမ်းခြောက်ငွေ တောင်းခံတာတွေ ကြားသိရပါ တယ်။ ဒါကြောင့် ဒီလိုမသမာမှု တွေမရှိအောင် ကျွန်တော်တို့ဒေသ ခံတွေက ညီညီညွတ်ညွတ်လုပ် ဆောင်ခဲ့တာပါ''ဟု နန်းမားအုပ် ချုပ်ရေးမှူးဦးခင်မောင်ဌေးက ဟြေ ခဲ့သည်။

The Union Daily
https://www.facebook.com/uniondaily.net
မိုးညှင်းမြို့နယ် နန်းမားဒေသတွင် ခြိမ်းခြောက်၍ငွေတောင်းခံသောရဲတပ်ဖွဲ့ဝင်အား နန်းမားအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပြည်သူ့စစ်တို့မှဖမ်းဆီးခဲ့ မိုးညှင်းမြို့နယ် နန်းမားဒေသတွင် ခြိမ်းခြောက်၍ငွေတောင်းခံသောရဲတပ်ဖွဲ့ဝင်အား  နန်းမားအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပြည်သူ့စစ်တို့မှဖမ်းဆီးခဲ့ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.