မီးတောင်သွားကြည့်သူ ၅၆ဝ ငလျင်ဒဏ်ကြောင့် တောင်ပေါ် ပိတ်မိ

အင်ဒိုနီးရှားနိုင်ငံ Lombok လောင်းဘတ်ခ် ကျွန်းမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတချို့ကို တွေ့ရပုံ။ Photo: AFP
အင်ဒိုနီးရှားနိုင်ငံမှာ မနေ့က ပြင်းအား ၆ ဒသမ ၄ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် Lombok ကျွန်းမှာရှိတဲ့ မီးတောင်လှုပ်သွားပြီး မြေပြိုကာ ပိတ်မိနေတဲ့ လမ်းပြနဲ့ တောင်တက်သမား ငါးရာကျော်ဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ ဒီနေ့ သွားရောက် ကယ်ဆယ်နေကြပါတယ်။

ပေ တသောင်းနှစ်ထောင်မြင့်တဲ့ Rinjani တောင်စောင်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက နေရာဖြန့်ရှာဖွေနေကြတာပါ။ အကွေ့အကောက်တွေ၊ တောင်တက်လမ်းတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ တောင်ကြောတလျှောက်မှာ လမ်းပျောက် ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ စားနပ်ရိက္ခာတွေ ချပေးရပါတယ်။

မနေ့မနက်အစောပိုင်းက လှုပ်သွားတဲ့ ငလျင်ကြောင့် တန်နဲ့ချီတဲ့ ကျောက်တုံးတွေ၊ ရွှံ့တုံးတွေ ပိတ်သွားလို့ ဖယ်ရှားပစ် နေရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ နယ်သာလန်၊ ထိုင်း၊ ဂျာမနီနဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေလည်း ပိတ်မိနေတယ်လို့ ပြောပါတယ်။
Lombok ကျွန်းတလျှောက်လှုပ်သွားတဲ့ အဲဒီ ငလျင်ကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးရပြီး ရာနဲ့ချီတဲ့ အဆောက်အဦတွေလည်း ပျက်စီးသွားရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မီးတောင်သွားကြည့်သူ ၅၆ဝ ငလျင်ဒဏ်ကြောင့် တောင်ပေါ် ပိတ်မိ မီးတောင်သွားကြည့်သူ ၅၆ဝ ငလျင်ဒဏ်ကြောင့် တောင်ပေါ် ပိတ်မိ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.