တောဝက်ဘောလုံးအသင်း သေဆုံးသွားသူကို ရည်စူး၍ ကိုရင်ဝတ်မည်


ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က Tham Luang လိုဏ်ဂူထဲကနေ ကယ်ထုတ်ထားတဲ့ တောဝက်ဘောလုံး အသင်းက ကစားသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ဗုဒ္ဓဟူးနေ့မှာ ဆေးရုံက ဆင်းခွင့်ရပြီးတဲ့နောက် ကြာသပတေးနေ့မှာ သက်ဆိုင်ရာ မိသားစုတွေနဲ့ အပြည့်အဝပြန်နေခွင့်ရကြပြီဖြစ်ပါတယ်။

သူတို့ထဲက နည်းပြအပါအဝင် ဗုဒ္ဓဘာသာဝင် ၁၂ ဦးဟာ ကြာသပတေးနေ့က Pra That Doi Wao ဘုန်းကြီးကျောင်းမှာသွားပြီး ဝတ်ပြု ဆုတောင်းကြပါတယ်။

သူတို့ကိုကယ်ဆယ်ဖို့ ကူညီ လုပ်ဆောင်ပေးရင်း ကွယ်လွန်သွားသူ ထိုင်း Navy SEAL တပ်ဖွဲ့ဝင်ဟောင်းကို ရည်စူးပြီးတော့ ကိုရင်ဝတ်၊ ရဟန်းခံကြမယ်လို့ သူတို့ ၁၂ ဦးလုံးကပြောပါတယ်။

သူတို့ ၁၃ ယောက်လုံးဟာ စိတ်ပိုင်း ရုပ်ပိုင်း ပြန်ပြီး ကျန်းမာလာကြပြီလို့ သူတို့ကိုကုသပေးတဲ့ ဆရာဝန်တွေကပြောပါတယ်။ လိုဏ်ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေပြီးတဲ့နောက် ကယ်ထုတ်တဲ့အချိန်တုန်းက တယောက်ကို ကိုယ်အလေးချိန် ပျှမ်းမျှခြင်း ၉ ပေါင်စီလောက် ကျသွားကြပေမဲ့ ဆေးရုံတက် ကုသမှုခံယူပြီးတဲ့နောက် ၆ ပေါင်ခွဲစီ ပြန်တက်လာပြီလို့လည်း ဆရာဝန်တွေကပြောပါတယ်။

သူတို့ကို ကယ်ထုတ်ချိန်တုန်းက ဆေးထိုးတာကြောင့် ဂူအပြင်ကို သယ်ထုတ်လာချိန်မှာ အိပ်ပျော်လာတယ်လို့ ဘောလုံးအသင်း နည်းပြ Ekapol က ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တောဝက်ဘောလုံးအသင်း သေဆုံးသွားသူကို ရည်စူး၍ ကိုရင်ဝတ်မည် တောဝက်ဘောလုံးအသင်း သေဆုံးသွားသူကို ရည်စူး၍ ကိုရင်ဝတ်မည် Reviewed by THITHTOOLWIN on 09:03 Rating: 5
Powered by Blogger.