မက္ကဆီကိုတောင်ပိုင်းတွင် မြေယာအငြင်းပွားမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)
မက္ကဆီကို ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

    မက္ကဆီကိုတောင်ပိုင်း Oaxaca ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက်က မြေယာအငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံး ကြောင်း ၄င်းပြည်နယ် အစိုးရရှေ့နေ့ရုံး က ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက Oaxaca ပြည်နယ် Santa Maria Ecatepecမြို့တွင် နေထိုင်သူ အယောက်၂၀ ကျော်သည် ၄င်းမြို့အတွင်းရှိ မြေယာအငြင်းပွားနေသည့် နယ်မြေသို့ သန့်ရှင်းရေး လုပ်ရန် ၀င်ရောက်ခဲ့ရာ ၄င်းအနီးတွင် နေထိုင်သူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့်  အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ၊ လက်ရှိတွင် ၁ ဦးဒဏ်ရာရပြီး ၁ ဦးပျောက်ဆုံးနေကြောင်း ၊ ဒဏ်ရာရသူအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း အဆိုပါကြေညာချက်ထဲတွင်ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံတွင် Maria Ecatepec နှင့် Santa Maria Ecatepec အိမ်နီးချင်းလူ့အဖွဲ့အစည်း နှစ်ခုအကြား မြေယာ အငြင်းပွားမှုမှာ ၁၉၇၆ ခုနှစ်မှစ၍ ၃၆၆၀ ဟက်တာရှိကြောင်း Oaxaca ပြည်နယ် အစိုးရရှေ့နေရုံး မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသခံ မီဒီယာ များကို ပြောကြားခဲ့သည်။

ပဋ္ဋိပက္ခများထပ်မံမဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က ရဲအင်အားနှင့်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မက္ကဆီကိုတောင်ပိုင်းတွင် မြေယာအငြင်းပွားမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံး မက္ကဆီကိုတောင်ပိုင်းတွင် မြေယာအငြင်းပွားမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.