တာချီလိတ်မြို့အ၀င် ဟွေရဲပူးပေါင်းဂိတ်တွင် AK-47 သေနတ်နှစ်လက်နှင့်အတူ ခဲယမ်းများဖမ်းဆီးရမိ


တာချီလိတ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု တို့၏ ကြီးကြပ်မှုဖြင့် ရှောင်တခင် ပူးပေါင်းစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာ ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က တာချီလိတ်မြို့ အ၀င် ဟွေရဲဂိတ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ AK-47 သေနတ်နှစ်လက် နှင့်အတူ ခဲယမ်းများ ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့အ၀င် ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ဆွေဦး ဦးစီးအဖွဲ့၊ အမှတ် (၃၅၉)ခြေမြန်တပ်ရင်းမှ ဗိုလ် မိုးမြင့်အောင် ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေး ရှာဖွေရေးလုပ်ငန်း များဆောင်ရွက်နေစဉ် ဟွေရဲကျေးရွာဘက်မှ တာချီလိတ်မြို့ပေါ်သို့ အိုက်မွန်း ဆိုသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ SHN-4J…….. နံပါတ်ပါ မစ်ဆူဘီရှီ (ခဲရောင်)မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဘေးထိုင်ခုံအောက်မှ M-01104 နှင့် M-10145 နံပါတ်များပါရှိသော AK- 47 သေနတ်အရှည် နှစ်လက် ၊ ကားနောက်ခန်း ထိုင်ခုံကူရှင် နောက်ဘက်၌ ထည့်ထားသည့် ကျည်အိမ်(၁၆)ခု နှင့် ယာဉ်မောင်းဘေးရှိ Tool Box အတွင်းမှ ကျည်(၈)တောင့်ပါ ကျည်အိမ်တစ်ခု တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားမ၀င်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်မွန်း(၂၇)နှစ်အား တာချီလိတ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်မြို့အ၀င် ဟွေရဲပူးပေါင်းဂိတ်တွင် AK-47 သေနတ်နှစ်လက်နှင့်အတူ ခဲယမ်းများဖမ်းဆီးရမိ တာချီလိတ်မြို့အ၀င် ဟွေရဲပူးပေါင်းဂိတ်တွင် AK-47 သေနတ်နှစ်လက်နှင့်အတူ ခဲယမ်းများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.