မူဆယ်မြို့ ဆင်ဖြူဈေးအနီး KTV တစ်ခု၌ မီးလောင်မှုဖြစ်ပွား


မူဆယ် ဇွန် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမူးတုံ ရပ်ကွက် ဆင်ဖြူဈေး အနီးနှင့် မြန်မာ-တရုတ် နယ်စပ် ၀င်/ထွက် ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်အနီး SOHO အမည်ရှိ KTV ၌ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ KTV နှင့် Night Club တွဲလျှက် ဖွင့်လှစ်ထားသော အဆောက်အဦ၏ အပေါ်ဆုံး ထပ်တွင် အခန်းများ ပြုပြင်စဉ် ဖြတ်စက် အသုံးပြုရာမှ ဖြတ်စက်နှင့် သွယ်တန်းထားသော ၀ါယာကြိုး အပူ လွန်ကဲ ရာမှ ဆိုဖာများအပေါ်ကျ၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၉)ဦး၊ မီးသတ်ယာဉ်(၃)စီး၊ ဂါလန် ၃၂၀၀ ဆံ့ မီးသတ်ရေယာဉ် အပါအ၀င် မီးသတ်ရေယာဉ်(၂)စီး၊ လူနာ တင်ယာဉ်(၁)စီးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀၀)၊ မီးသတ်ယာဉ် (၄)စီး၊ အရန်မီးသတ် ရေယာဉ်(၆)စီး တို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားခဲ့သည်။

ယင်းမီးလောင်ခြင်းကြောင့် အဆောက်အဦ၏ ဒုတိယထပ် အတွင်းရှိ (၃၀x၃၀) ပေပတ်လည် Hall Tpe Bar ဆိုဖာခုံများ မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် အရန်မီးသတ်တပ်ဖွဲ့မှ ဦးစိုးသန်း(၃၄)နှစ်အား အဆောက် အဦမှန်များ ပြုတ်ကျကွဲရှခဲ့သဖြင့် ပြတ်ရှဒဏ်ရာရရှိခဲ့ကာ မူဆယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူစေ ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မူဆယ်မြို့ ဆင်ဖြူဈေးအနီး KTV တစ်ခု၌ မီးလောင်မှုဖြစ်ပွား မူဆယ်မြို့ ဆင်ဖြူဈေးအနီး KTV တစ်ခု၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.