KIA နယ်မြေထဲက ဒုက္ခသည်တွေကို ကူညီဖို့ တားမြစ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် ။ Photo: Kyaw Myo Min/RFA
ကေအိုင်အေနယ်မြေထဲက ကချင်စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ မကူညီဖို့နဲ့ ကူညီခဲ့ရင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ငြိစွန်းမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ထံ စားပေးပို့ တားမြစ်ထားပါတယ်။

KIA ထိန်းချုပ်နယ်မြေထဲကို မသွားဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က တားမြစ်စာပေးပို့လာတာ လို့  မြစ်ကြီးနားမြို့ KBC အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန်ကပြောပါတယ်။

‘’နယ်လုံကနေ စာရေးလာတာ၊ လွန်ခဲ့တဲ့မေလတုန်းက အဲဒီဝိုင်းမော်က ခရစ်ယာန်အဖွဲ့ချုပ်အဖွဲ့ဝင်တွေ က အဲဒီမှတ်တိုင်ချောင်းရှိတဲ့နေရာကို မသွားနဲ့ပေါ့၊ အဲဒီနေရာက KIA နယ်မြေဖြစ်တာကိုမသွားဖို့၊ အကြောင်းကြား အသိပေးအပ်တယ်ဆိုတာကို အကြောင်းကြားတဲ့စာရောက်လာတာပေါ့ ’’

ဝိုင်းမော်မြို့နယ်က မှတ်တိုင်ချောင်းဒုက္ခသည်စခန်းမှာ မူလက စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါးလောက် ရှိပြီး မေလအတွင်းက တိုက်ပွဲတွေကြောင့် နောက်ထပ်စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာခဲ့ရတာဖြစ်ပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ဝိုင်းမော် KBC အဖွဲ့က စားနပ်ရိက္ခာ သွားရောက်ကူညီပေးနေတာဖြစ်ပါယတ်။ ထပ်မသွားဖို့နဲ့ သွားရင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ငြိစွန်းမယ်ဆိုပြီး ကချင်ပြည်နယ် နယ်လုံဝန်ကြီးက အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

ဝိုင်းမော်ဒုက္ခသည်စခန်းဟာ တရုတ်-မြန်မာနယ်စပ်နေရာမှာရှိပြီး ကချင်လွတ်မြောက်ရေးအဖွဲ့  KIA ထိန်းချုပ်ရာနယ်မြေဖြစ်ပါတယ်။

အခုလို မိုးတွင်းကာလမှာ ဒုက္ခသည် ငါးထောင်နီးပါးရဲ့ နေထိုင်စားသောက်ရေး စိုးရိမ်ရတဲ့အတွက် သွားရောက်ကူညီပေးနိုင်ဖို့ ပြည်နယ်အစိုးရဆီကို ပြန်လည်တင်ပြဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဆမ်ဆွန် က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ