ရန်ကုန်လေဆိပ်၌ Jet Star လေကြောင်းလိုင်းမှ လေယာဉ် ဆင်းသက်စဉ် ငှက်နှင့်တိုက်မိ၍ လေယာဉ်ထိပ်ဖူးပိန်ချိုင့်
နေပြည်တော်၊ ဇွန် ၎
၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် စင်္ကာပူနိုင်ငံမှ ရန်ကုန် လေဆိပ်သို့ လေယာဉ်မှူး Capt.Mr.Joer Charies ပါလေယာဉ်အမှုထမ်း(၆)ဦး လိုက်ပါမောင်းနှင် လာပြီး ခရီးသည် မြန်မာ(၁၂၁)ဦး၊ နိုင်ငံခြားသား(၄၅)ဦး တင်ဆောင်လာသည့် Jet Star လေကြောင်း လိုင်းမှ လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ငှက်နှင့်တိုက်မိခဲ့၍ လေယာဉ်ထိပ်ဖူးပိုင်း အနည်းငယ် ချိုင့်ဝင်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိပါသည်။
အဆိုပါလေယာဉ်အား ထိုင်းလေကြောင်း လိုင်းမှ အင်ဂျင်နီယာ Mr.Pisanu ပါ ၂ ဦးက ပြုပြင်ခဲ့သော်လည်း အချိန်မီ မပြီးစီးသဖြင့် ၁၃၃၀ နာရီ တွင် ၎င်းလေယာဉ်၏ ရန်ကုန် လေဆိပ်မှ စင်္ကာပူနိုင်ငံသို့ ထွက်ခွာမည့် ခရီးစဉ်အား ဖျက်သိမ်းကာ ဇွန်လ ၄ ရက်နေ့ ၁၁၁၅ အချိန်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။
အဆိုပါခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်(၁၃၃)ဦး အနက်(၈၀)ဦး (မြန်မာ ၄၀၊ နိုင်ငံခြား ၄၀)တို့အား မရမ်းကုန်းမြို့နယ်ရှိ Yangon Hotel တွင် တည်းခိုရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကျန်ခရီးသည် မြန်မာနိုင်ငံသား(၅၃)ဦးမှာ ၎င်းတို့ အစီအစဉ်ဖြင့် နေအိမ်များသို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သစ်ထူးလွင်
ရန်ကုန်လေဆိပ်၌ Jet Star လေကြောင်းလိုင်းမှ လေယာဉ် ဆင်းသက်စဉ် ငှက်နှင့်တိုက်မိ၍ လေယာဉ်ထိပ်ဖူးပိန်ချိုင့်
Reviewed by THITHTOOLWIN
on
23:35
Rating:
