FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း မောင်းနှင်စဉ် လေဖိအားကြောင့် ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွား

FMI လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- FMI)
 ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

    FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်းသည် မောင်းနှင်စဉ် လေဖိအားကြောင့် လေယာဉ်၏ ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ၀၈း၂၀နာရီ အချိန် FMI လေကြောင်းလိုင်းမှ လေယာဉ် အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMHသည်၊ ကပ္ပတိန် ဦးနိုင်မြင့်ခိုင် အပါအဝင် လေယာဉ်အမှုထမ်း ၄ ဦး၊ ခရီးသည် ၂၂ ဦး၊ လုံခြုံရေးဝန်ထမ်း ၂ ဦး တို့လိုက်ပါလျက် နေပြည်တော်-ရန်ကုန် ခရီးစဉ်အမှတ် ND-104 ဖြင့် နေပြည်တော် လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ထွက်ခွာလာစဉ် မိနစ် ၂၀ ခန့်အကြာ အမြင့်ပေ ၁၆,၀၀၀ ခန့်အရောက်တွင် လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲခဲ့ပြီး ၀၉း၀၅ နာရီ အချိန်တွင် ရန်ကုန်လေဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://xinhuamyanmar.com
FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း မောင်းနှင်စဉ် လေဖိအားကြောင့် ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွား FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်း မောင်းနှင်စဉ် လေဖိအားကြောင့် ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.