EU အဖွဲ့က အမေရိကန်နဲ့ တရုတ်တို့ကို ရင်ဆိုင် တုန့်ပြန်သွားမည်

( ပုံ - EU ကုန်သွယ်ရေးဆိုင်ရာကော်မရှင်နာ Cecilia Malmstrom ) Photo: AFP/Emmanuel Dunand.
ဥရောပသမဂ္ဂ က အမေရိကန်နဲ့ တရုတ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဘို့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို သောကြာနေ့ကတင်ပြလိုက်ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အမေရိကန်နိုင်ငံက သူ့နိုင်ငံကို တင်သွင်းလာမဲ့ အလျူမီနီယံ သတ္တု အပေါ်အခွန်တိုးကောက်မယ်လို့ ကြေညာလိုက်ပြီးနောက် EU အဖွဲ့က လက်တုန့်ပြန်တာဖြစ်ပါတယ်။

အမေရိကန်က အလျူမီနီယံ သတ္တု နဲ့ သံမဏိ အပေါ်ကောက်ခံမဲ့ အခွန်နှုံး နဲ့ပတ်သက်ပြီး မဟာမိတ်နိုင်ငံတွေ ကိုပါ ၂၅% ကောက်မယ်လို့ ကြေညာထားတာကြောင့် ဖြစ်ပါတယ်။

အလားတူပဲ EU အဖွဲ့က တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်တဲ့ ကုမ္ပဏီများ ရဲ့ နည်းပညာများ ကာကွယ်ရေးအတွက် အသိဥာဏ်ပစ္စည်း ပိုင်ဆိုင်မှုအပိုင်းဆိုင်ရာ လုပ်ဆောင်ချက် တွေနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရဆောင်ရွက်မှာဖြစ်ပါတယ်။
EU အဖွဲ့က အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံလုံးကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ EU ကုန်သွယ်ရေးဆိုင်ရာကော်မရှင်နာ Cecilia Malmstrom အဆိုအရ ထုတ်ပြန်ထားတဲ့ ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် စနစ်တခုလုံး ပြိုပျက်မဲ့ အန္တရယ်ရှိတယ်လို့ ဘရာဆဲလ်မြို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ