တောင်ကုတ်မြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုတရားခံအား အပူတပြင်းရှာဖွေနေ

ဓာတ်ပုံ - သေဆုံးသွားသူများအား တွေ့ရစဉ်။
တောင်ကုတ်၊ ဇွန် ၅​၊ ၂၀၁၈။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုတရားခံအား အပူတပြင်းလိုက်လံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တောင်ကုတ်မြို့နယ်အပိုင် မအီမြို့တွင် ယောက်ခမ နှစ်ဦးနှင့် ဇနီးဖြစ်သူတို့အား ဇွန်လ ၄ ရက်နေ့တွင် သုံးလောင်းပြိုင်သတ်ဖြတ်ခဲ့ပြီး လူသတ်တရားခံမှာ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် ယခုကဲ့သို့ အပူတပြင်းလိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

"လူသတ်မှုကျူးလွန်ခဲ့သူ ခင်မောင်လင်းကျူးလွန်ခဲ့တဲ့ ၂၂ လက်မအရှည်ရှိတဲ့ ဓားကို သိမ်းဆည်းရမိထားပါတယ်။ လူသတ်ခံကိုလည်း အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး အပူတပြင်း လိုက်လံရှာဖွေနေပါတယ်"ဟု မအီရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက ပြောသည်။

သေဆုံးသွားသူများမှာ မအီမြို့ အမှတ်(၂) ရက်ကွက်၊ ကမ်းလမ်းနားနေ ဦးရွှေအေးမောင်(၅၁ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မခင်သန်း (၄၇ နှစ်)နှင့် သမီးဖြစ်သူ မဝင်းဝင်းမော်(၂ဝ နှစ်)တို့ဖြစ်ပြီး မဝင်းဝင်းမော်၏လင်ယောက်ျား ခင်မောင်လင်း (ခ) ဖိုးမြိုင်က ဇွန်လ ၄ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန်က ခင်မောင်လင်းက မဝင်းဝင်းမော်အား နေအိမ်မှ ဆွဲခေါ်သည်ကို မဝင်းဝင်းမော်၏မိဘနှစ်ပါးက ဝင်ရောက်ဟန့်တားရာမှ ခင်မောင်လင်းတွင်အသင့်ပါလာသည့်ဓားဖြင့် မဝင်းဝင်းမော်၏မိဘနှစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မဝင်းဝင်းမော်အား ခင်မောင်လင်းက စက်လှေတစ်စီးဖြင့် ခေါ်ဆောင်ကာ ချောင်းထဲတွင် သတ်ပြီး ပစ်ချထားခဲ့ကြောင်း ရဲက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မဝင်းဝင်းမော်၏အစ်မဖြစ်သူ မချိုမာအေးက တရားလိုလုပ်ကာ မအီရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မောင်​စပ်​စု
Central News Myanmar
https://www.facebook.com/CNMyanmar
တောင်ကုတ်မြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုတရားခံအား အပူတပြင်းရှာဖွေနေ တောင်ကုတ်မြို့နယ်မှ သုံးလောင်းပြိုင်လူသတ်မှုတရားခံအား အပူတပြင်းရှာဖွေနေ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.