မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မုဒုံမြို့ နယ်မှာ ရေကြီးနစ်မြုပ်

 မုဒုံ ဇွန် ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၁၈ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက် ၀၀း၃၀ အချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံမြို့နယ် အတွင်းရှိ မြို့မ(၄)ရပ်ကွက်၊ ချမ်းမြကန်သာ အပိုင်းနှင့် ခိုင်ရွှေဝါလမ်း အိမ်ခြေ ၃၅ လုံး ၄ ပေခန့် ရေနစ်မြုပ်၍ လူဦးရေ ၁၅၀ ခန့်ကို အနီးရှိ အမကလွန် ကျောင်းရွာလမ်းကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့ပြီး နံနက်စာနှင့် ညစာများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။


ဆက်လက်၍ မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတံတား၊ နှိုင်လုံလက်တက်တံတား၊ ကမာဝက်၂၈ မိုင် တံတားများ ရေ ၄ ပေခန့် နစ်မြုပ်ပြီး ကမာဝက်မြို့ အထက ကမာဝက်ကျောင်း မျက်နှာစာရှိ ခြံစည်းရိုးမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေအိ၍ အုတ်နံရံပေ ၃၀ ခန့်ပြိုကျခဲ့သည်။


ရေကြီးနစ်မြုပ်ရာနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူး၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများဖြင့် လိုအပ်သော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မုဒုံမြို့ နယ်မှာ ရေကြီးနစ်မြုပ် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မုဒုံမြို့ နယ်မှာ ရေကြီးနစ်မြုပ် Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.