ငပလီ မှိုဟင်းပြင်တွင် လူတစ်ဦးရေနစ်သေဆုံး


နိရဉ္စရာ၊ ဇွန် ၁၇

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ မှိုဟင်းပြင်ကျေးရွာမှ ပုဇွန်ကန်တွင် ယနေ့ မွန်းလွဲ ၁၂နာရီခန့်က လူတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ သံတွဲမြို့အမှတ်(၁)ရပ်ကွက် သုတိလမ်းတွင် နေထိုင်သူ ဦးအောင်စိုးဦး (၅၄)နှစ် ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့မှ သူငယ်ချင်းများနှင့်အတူ မှိုဟင်းပြင်ဆည်သို့ ငါးရှာထွက်လာရာတွင် ရေနစ် သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား ဆယ်ယူသူများထဲမှ တစ်ဦးဖြစ်သူ သံတွဲမြို့မှ ကိုညီလေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။


"မွန်းလွဲ ၁၂ နာရီမှာ နစ်မြုပ်တာပါ။ ညနေ ၄ နာရီ ဝန်းကျင်လောက်မှ ဦးအောင်စိုးဦးရဲ့ အလောင်း ကို ဆယ်ယူလို့ ရရှိခဲ့ပါတယ်။ အခုလက်ရှိ သူ့အလောင်း သံတွဲဆေးရုံရှေ့ကို ရောက်နေပါပြီ။ ရဲစခန်းကိုလည်းအကြောင်းကြားထား ပြီးပါပြီ"ဟု ကိုညီလေးက ပြောသည်။

သံတွဲရဲစခန်းသို့ ဆက်သွယ်ရာ လူသေဆုံးခြင်းကို သတင်းရရှိထားသော်လည်း အသေးစိတ် မသိရသေးဟု ပြောကြားသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ငပလီ မှိုဟင်းပြင်တွင် လူတစ်ဦးရေနစ်သေဆုံး ငပလီ မှိုဟင်းပြင်တွင် လူတစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.