![]() |
Shangri-la လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည့် ရှန်ဂရီလာဟိုတယ်မှာ လုံခြုံရေးကင်းလှည့်နေပုံ။ (ဂျွန် ၁၊ ၂၀၁၈) |
ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးနဲ့ ဒီကနေ့အစောပိုင်းက တွေ့ဆုံတဲ့ဆွေးနွေးရာမှာတော့ အရှေ့တောင်အာရှ ဒေသ လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စု ဘက်က ကတိက၀တ်နဲ့အညီ ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတာကို ကာကွယ်ရေးဝန်ကြီး Mattis က ထပ်လောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။
လာမယ့် ဂျွန်လ ၁၂ ရက်၊ စကာင်္ပူမှာ အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis စကာင်္ပူကို သွားရောက်တာပါ။ ဒါကြောင်လည်း သုံးရက်ကြာကျင်းပမယ့် ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ် နျုကလီးယားကင်းစင်ရေး ကိစ္စကို ဦးစားပေးအဖြစ် ထည့်သွင်း ဆွေးနွေးလိမ့်မယ်ဆိုပြီး အကဲခတ်တွေက ခန့်မှန်းထားနေကြပါတယ်။
တချိန်တည်းမှာပဲ တရုတ်အစိုးရက သူပိုင်အဖြစ် ကြေညာပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ရေတပ် သဘောင်္ကြီး ၂ စင်း ဖြတ်မောင်းခဲ့တာနဲ့ပတ်သက်လို့လည်း တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေ တိုးနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စကာင်္ပူမှာ ကျင်းပနေတဲ့ Shangri-La Dialogue လုံခြံရေးအစည်းအဝေးကို မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုရုံး ၀န်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်နေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
လုံခြုံရေးဆိုင်ရာ စင်္ကာပူအစည်းအဝေးပွဲ မြန်မာတက်ရောက်
Reviewed by THITHTOOLWIN
on
07:37
Rating:
