![]() |
(ပုံ - လျူရှောင်းဘိုရဲ့ ဇနီးသည် လူရှန်း ) |
အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ Liu Xia ဟာ မူလက တရုတ်အာဏာပိုင်တွေက နေအိမ် အကျယ်ချုပ် ချတာခံနေရပြီး ၂၀၁၀ ခုနှစ် ခင်ပွန်းသည်ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရချိန်မှာ အာဏာပိုင်တွေ ဒေါသအမျက်ထွက်ခဲ့တာဖြစ်ပါတယ်။
တရုတ်ပြည် မှာ ၁၉၈၉ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Tiananmen ရင်ပြင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ Liu Xiaobo ဟာ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သူ့ဇနီးဖြစ်သူကတော့ လွတ်လွတ်လပ်လပ်ထောင်ပြင်မှာ နေရတဲ့ပုံမျိုး အာဏာပိုင်တွေက စီစဉ်ခဲ့ပြီး မျက်ခြေမပြတ်စောင်ကြည့်နေတာဖြစ်ပါတယ်။
ဒီအခြေအနေတွေကို Liu Xia က မိတ်ဆွေ စာရေးဆရာ တဦးကို ပြီးခဲ့တဲ့ အပတ်က တယ်လီဖုံးနဲ့ ပြောခဲ့တာဖြစ်ပါတယ်။ Liu Xia က အာဏာပိုင်တွေက ခင်ပွန်းသည်ရဲ့ ပြစ်မှုအကြွေးကို မိမိက ပေးဆပ်စေတာဖြစ်တယ်လို့ပြောပါတယ်။ အာဏာပိုင်တွေအရှက်တရားကင်းမဲ့စွာနဲ့ ကြမ်းရမ်း တာတွေ ဘယ်လောက်အထိ ဆက်လုပ်မလဲဆိုတာလည်း သူစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
သူ့ရဲ့ ပြောဆိုချက်အသံဖိုင်တွေကို မိတ်ဆွေဖြစ်သူက အင်တာနက်မှာ တင်ပြီး ကမ္ဘာကို ဖွင့်ပြ လိုက်တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
တရုတ် နိုဘယ်ဆုရှင် ရဲ့ ပျောက်နေသူ ဇနီးသည် အသံဖိုင် ထွက်ပေါ်လာ
Reviewed by THITHTOOLWIN
on
07:31
Rating:
