ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် မိုးရက်ရှည်ရွာ သွန်းမှုကြောင့် မြေသားနံရံများပျော့အိပြိုဆင်းကာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဆွမ်းချက်ဆောင်တစ်ဆောင်ပြို ပျက်မှုဖြစ်ပွား
ကျောက်ပန်းတောင်း ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်(၈)နာရီခန့်က တောင်ကလပ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဆွမ်း ချက်ဆောင် တစ်ဆောင်ပြိုပျက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုပ္ပားကျေးရွာအုပ်စု၊ တောင်ကလပ်ကျေးရွာတွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေ သားများ ပျော့အိနိမ့်ဆင်းမှုဖြစ်ပေါ်ခဲ့ပြီး၊ ဝေဘူလရွှေဂူချောင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ ဆွမ်းချက်ဆောင် အောက်ဘက်မြေသားများ နိမ့်လျောခြင်းဖြစ်ပြီး၊ အကျယ်ပေ(၄၀×၂၀)၊ အမြင့်(၁၅)ပေရှိ၊ သွပ်မိုး/ပျဉ်ကာ တစ်ထပ် အဆောက်အဦမှ၊ (၁၅)ပေအကျယ်အခန်းတစ်ခန်းပြိုကျ ပျက်စီးသွားကြောင်းသိရသည်။ “ ဒီရက်ပိုင်းမိုးအရမ်းများနေတော့ ကျောင်းဆောင်အောက်ခြေကမ်းပါးယံက မြေသားတွေပဲ့ကျပြီး ပြိုသွားတာပါ။ စဖြစ်တာကတော့ ဒီဇွန်လ(၁၂)ရက်နေ့ညနေ ပိုင်းလောက်ကတည်းက အဲဒီဆွမ်းစားဆောင်အောက်ကမြေသားနိမ့်ပြီး ကျွံစပြုနေတာပါ။ (၁၃)ရက်နေ့ မနက်ကျတော့ အတွင်းဘက်ကနေ အောက်ခြေကို ၁၆ ပေလောက် အက်ကြောင်းပေါ်လာ တယ်..မိုးက လည်းမပြတ်တော့ အဲဒီကနေမှ မြေ သားနိမ့်ဆင်းသွား တာပါ…” ဟု ပုပ္ပားတောင်ကလပ် ယာယီဂေါပကအဖွဲ့မှ ဆရာဦးကျော်ဝင်းဆွေ က ဖြစ်ပွားမှု အခြေအနေ ကို ပြောပြပါသည်။ ယခုအခါ အဆိုပါနေရာတွင် ကမ်းပါးယံမြေသားမှာ အောက်ခြေသို့ (၁၅)ပေခန့်ပြိုဆင်းသွားပြီး၊ ဆွမ်းချက် ဆောင်အခန်း တစ်ခန်းပါ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တန်ဘိုးငွေ ကျပ်(၂၅)သိန်းခန့် ပျက်စီးသွားကြောင်း သိရပြီး၊ လူ နှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ ဝေဘူလရွှေဂူချောင် ဘုန်းတော်ကြီးကျောင်းတွင် သက်တော်(၆၇)နှစ်ရှိ တိုက်အုပ်ဆရာkတော် ဘန္ဒ န္တ သောဘိတ နှင့် သံဃာ(၁၇)ပါ၊ ကိုရင်ငယ်(၁)ပါးတို့ သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရပြီး၊ ပြိုကျပျက်စီးသွားသော ဆွမ်းစား ဆောင် အမြန်ဆုံးပြန် လည်ပြုပြင်နိုင်ရေးအတွက် ပုပ္ပားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တောင်ကလပ်ကျေးရွာတာ ဝန်ခံနှင့်ရာ အိမ်မှူး/ဆယ်အိမ်မှူးများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေအောင်(iprd)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.