ဦးလှဆွေ ကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ရန်ကုန်မြို့မှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုပွဲမှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘူးလက်မှာတမ်းဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

အပတ်စဉ်ထုတ် ဘူးလက်သတင်းစာစောင်မှာ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးပါအချက်တွေမှာ စာဖတ်ပရိသတ်တွေ အထင်လွဲစရာတွေ ရှိလို့ ခေါ်ယူတွေ့ဆုံတာလို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပမှာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ငွေကျပ်သန်း ၁၆၀၀ ခွင့်ပြုချက်ရရှိထားတာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဖြေဆိုဖို့ ငြင်းဆန် ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဦးလှဆွေ ကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ ဦးလှဆွေ ကို ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.