မလေးရှားဗလီတခုမှာ ကမ္ဘာလှည့်ခရီးသွား လည်ပတ်ခွင့်ပိတ်

မလေးရှားနိုင်ငံ ဘိုနီယိုကျွန်း ကိုတာကီနာဘာလူမြို့က ဗလီကျောင်းရှေ့မှာ ဘောင်းဘီတို၊ ချက်ပေါ် အဝတ်အစားများနှင့် ကနေသည့် မိန်းကလေးနှစ်ဦး။(Photo: Free Malaysai Today/FP)
မလေးရှားနိုင်ငံ ဘိုနီယိုကျွန်း ကိုတာကီနာဘာလူမြို့က ကမ္ဘာလှည့်ခရီးသည်အသွားအလာများတဲ့ ဗလီတခုရှေ့ကို ခရီးသည်လည်ပတ်ခွင့်ပိတ်လိုက်ပါတယ်။

ဘောင်းဘီတိုနဲ့ချက်ပေါ်အင်္ကျီတွေဝတ်ထားတဲ့ အမျိုးသမီးငယ်နှစ်ဦးက အဲဒီဗလီရှေ့က ၃ ပေ ကျော်လောက်မြင့်တဲ့ အုတ်နံရံပေါ်မှာ ကပြနေတဲ့ဗီဒီယိုတခု အွန်လိုင်းပေါ်မှာပြန့်နှံ့သွားတဲ့နောက်၊ ဒေသခံတွေနဲ့ မွတ်စလင်အဖွဲ့တွေကဒေါသထွက်ခဲ့ကြလို့ အခုလိုပိတ်လိုက်တာဖြစ်ပါတယ်။
သူတို့လုပ်ရပ်ဟာလက်သင့်ခံနိုင်စရာမရှိဘူးလို့ ဗလီဥက္ကဋ္ဌကပြောဆိုအပြစ်တင်လိုက်ပါတယ်။

“အဲဒီ အမျိုးသမီးငယ်နှစ်ဦးဟာ အရှေ့အာရှသားတွေရဲ့ ရုပ်ရည်သွင်ပြင်ဖြစ်ပေမယ့် ဘယ်နိုင်ငံသား တွေလဲဆိုတာ မသိကြပါဘူး။ ဒီလိုဝတ်စားဆင်ရင်ပြီး ဗလီရှေ့မှာ က, တာ မသင့်တော်ဘူးဆိုတာသူတို့ သိပုံမရဘူး၊ ဒါကြောင့် သူတို့ကို အရေးမယူပါဘူး။ ဒါပေမယ့် ဒီလိုလုပ်တာဟာ မလေးစားရာရောက်တယ်ဆိုတာ သူတို့ သိအောင်ရှင်းပြဖို့ တာဝန်ရှိ အစိုးရအရာရှိတွေကသူတို့ကိုရှာပြီးပြောပြချင်တယ်”လို့ ခရီးသွားလာရေး ပြည်နယ်ဝန်ကြီးကပြောပါတယ်။
မွတ်စလင်အများစုနေတဲ့မလေးရှားနိုင်ငံက ဗလီတွေကို ခရီးသည်တွေအနေနဲ့အမြဲသွားလာ ကြည့်ရှုလေ့လာခွင့်ပြုထားပါတယ်။ ဒါပေမယ့် အလည်သွားတဲ့သူတွေအနေနဲ့ သင့်တင့် လျှောက်ပတ်တဲ့ အဝတ်အစားတွေပဲဝတ်ဆင်ရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မလေးရှားဗလီတခုမှာ ကမ္ဘာလှည့်ခရီးသွား လည်ပတ်ခွင့်ပိတ် မလေးရှားဗလီတခုမှာ ကမ္ဘာလှည့်ခရီးသွား လည်ပတ်ခွင့်ပိတ် Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.