မိုးကုတ်မြို့ ပြောင်ဂေါင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းပြိုကျမှု ဖြစ်ပွား


ဇွန် ၁ ( မိုးကုတ် )

မိုးကုတ်မြို့ ပြောင်ဂေါင်းကျေးရွာရှိ ကျောင်းစဖွင့်သည့်နေ့၌ အထက်တန်းကျောင်းခွဲတွင် ကျောင်းရှိ ကောရစ်တာ ပြိုကျမှုဖြစ်ပွားကာ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ပြောင်ဂေါင်းလူမှုကူညီရေးအသင်းက သိရသည် ။

အဆိုပါ ကျောင်းသည် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားလျှက်ရှိသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး ကျောင်းသားကျောင်းသူဦးရေ တစ်ထောင်ခန့်တက်ရောက်ပညာသင်ကြားနေကျောင်းဖြစ်သည် ။

“ ပြိုကျတာတော့ မနက် ၈ နာရီကျော်လောက်ကပြိုကျတာပါ ကျောင်းသား လေးတစ်ယောက်ပဲ ထိခိုက်မှုဖြစ်တာပါ အဲ့ဒီကျောင်းက ဆောက်ထားတာတော့ ကြာပြီ ကြမ်းတွေက နည်းနည်းဆွေးနေတော့ အခုလို ပြိုကျတာပါ ” ဟု ပြောင်ဂေါင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။

မြန်မာတစ်နိုင်ငံလုံးရှိ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အခြေခံပညာကျောင်းများအားနှစ်စဉ် ဇွန်လ ၁ရက်နေ့တွင် စတင် ကျောင်းတက် ပညာသင်ကြားလျှက်ရှိသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ