ယာဉ်နောက်ပြန်လျောကျပြီး သစ်ပင်နှင့်တိုက်မိ၍ (၃)ဦးသေ၊ (၃)ဦးဒဏ်ရာရ


နေပြည်တော်၊ ဇွန် ၅

၂၀၁၈ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် သရက်မြို့နယ်၊ သရက်-ကံမကားလမ်း ရေပုတ်တောင်အတက် မိုင်တိုင်အမှတ်(၄/၇)၌ နတ္တလင်းမြို့မှ သရက်မြို့ဘက်သို့ ပေါင်းတည်မြို့နေ နိုင်လင်းဦး(၃၁)နှစ် မောင်းနှင်ပြီး ဦးစန်းလွင်(၄၅)နှစ် ပါ(၇)ဦး လိုက်ပါလာသော 3B/×××× ကန်တာ(၆)ဘီးယာဉ်သည် နောက်ပြန်လျောကျပြီး ဘရိတ်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ ကုက္ကို ပင်အား ယာဉ်နောက်ပိုင်းဖြင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် (၃)ဦးသေ၊ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဦးစန်းလွင် ပါ (၃)ဦးတို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သရက်မြို့နေ ဒေါ်လှလှဝင်း(၅၅)နှစ်ပါ(၃)ဦးတွင် ဒဏ်ရာ များ ရရှိခဲ့သောကြောင့် နိုင်လင်းဦး အား သရက်မြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ယာဉ်နောက်ပြန်လျောကျပြီး သစ်ပင်နှင့်တိုက်မိ၍ (၃)ဦးသေ၊ (၃)ဦးဒဏ်ရာရ ယာဉ်နောက်ပြန်လျောကျပြီး သစ်ပင်နှင့်တိုက်မိ၍ (၃)ဦးသေ၊ (၃)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.