မလေးရှား ဝန်ကြီးချုပ်ဟောင်း ဇနီးကို လဘ်စားမှုအတွက် ဆင့်ခေါ်


နိုင်ငံပိုင်ငွေ ဒေါ်လာသန်းပေါင်း ၁ ထောင်ခန့် မတရားရယူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ ဇနီး Rosmah Mansor ရို့စ်မာ မန်စော ကိုစစ်ဆေးဖို့အတွက် မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က လာမယ့် အင်္ဂါနေ့မှာ လာရောက်ထွက်ဆိုဖို့ မနေ့က အကြောင်းကြားလိုက်ပါတယ်။

သမတဟောင်းရဲ့ ဇနီးဟာ သူ့ခင်ပွန်း အာဏာရစဉ်အတွင်း နိုင်ငံခြားတိုင်းပြည်တွေကို မကြာခဏ ဈေးဝယ်ထွက်ကာ လက်ပွေ့အိပ်ရာပေါင်းများစွာအပြင် တန်ဖိုးကြီး ပစ္စည်းတွေကို အမြောက်အများ ဝယ်ယူလေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သမတ ဟောင်း နာဂျစ်ကိုတော့ အကျင့်ပျက်ခြစားမှုနဲ့ ၂ ကြိမ်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဇနီးကို လဘ်စားမှုအတွက် ဆင့်ခေါ် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဇနီးကို လဘ်စားမှုအတွက် ဆင့်ခေါ် Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.