ထရမ့် သူ့ကိုယ်သူ ပြန်ပြီး ကင်းလွတ်ခွင့် ပေးနိုင်

ထရမ့်နဲ့ ရွေးကောက်ပွဲ ရုရှား စွက်ဖက်မှု ဆက်စပ်နေတယ်ဆို
ရုရှားက ၂ဝ၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြီး ခြေရှုပ်မှုကို စုံစမ်းရာမှာ စွပ်စွဲလာတာ မှန်သမျှ သမ္မတမှာ သူ့ကိုယ်သူ ပြန်ပြီး ကင်းလွတ်ခွင့် ပေးနိုင်တဲ့ အာဏာ ရှိနိုင်တယ်လို့ သမ္မတ ထရမ့်ရဲ့ ရှေ့နေက ဆိုပါတယ်။

မစ္စတာ ထရမ့် အနေနဲ့ ဒီလွတ်ငြိမ်းခွင့် အာဏာကို သုံးဖို့လည်း မလိုဘူး၊ သူ့မှာ ဘာအမှားအယွင်းမှ ကျူးလွန်ထားတာ မဟုတ်လို့ ဆိုပြီးလည်း အမေရိကန် ရုပ်သံနဲ့ မေးမြန်းခန်းမှာ ရှေ့နေ ရူဒီ ဂျူလီယာနီက ဆိုပါတယ်။
ထရမ့် ဘာအမှားအယွင်းမှ ကျူးလွန်ထားတာ မဟုတ်လို့ ဆို
ထရမ့်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေက သမ္မတ အနေနဲ့ သူ့ကိုယ်သူ လွတ်ငြိမ်းခွင့် မပေးသင့်ဘူးလို့လည်း ဝေဖန်နေပါတယ်။

ဒီလို ပေးလိုက်ရင် သမ္မတ ကို ချက်ချင်း စွပ်စွဲ ထုတ်ပယ်တာတွေ ဖြစ်လာနိုင်တယ် လို့ သူတို့က သတိပေးကြပါတယ်။

ဒီ အရှုပ်တော်ပုံကို စုံစမ်းရေး ဖွင့်ရာမှာ သမ္မတ အနေနဲ့ စုံစမ်း မေးမြန်းတာတွေကို လက်ခံမလား ဆိုတာကလည်း မေးစရာ ပဟေဠိ ဖြစ်နေသေးတယ်လို့ မစ္စတာ ဂျူလီယာနီက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ