သီရိလင်္ကာနိုင်ငံ သမ္မတ နဲ့ ၀န်ကြီးချုပ် အကြား တင်းမာမှု ကြီးထွား

(ပုံ - သီရိလင်္ကာ သမ္မတ Sirisena )
သီရိလင်္ကာနိုင်ငံမှာ ၀န်ကြီး ချုပ် Ranil Wichremesinge ရဲ့ မိသားစုပိုင်တဲ့ TV ဌာနကို သမ္မတ Sirisena က ဒီနေ့ ပိတ်ပစ်လိုက်တာကြောင့် အစိုးရအဖွဲ့အတွင်း အားပြိုင်မှုတွေ ပိုပြီး ကြီးထွားလာနေပါတယ်။

အခုလိုTV ဌာနကို ပိတ်ပစ်လိုက်တာဟာ နိုင်ငံတွင်းမှာ သတင်းလွတ်လပ်မှုကို ဆောင်ရွက် ပေးပါမယ်လို့ သမ္မက ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်လာတာပါ။

အဲ့ဒီ သတင်းဌာနဟာ ၀န်ကြီးချုပ်ရဲ့ အကိုဖြစ်သူကပိုင်ဆိုင်တာဖြစ်ပြီး သတင်းဌာနဟာ လိုင်စင်ကြေးပေးသွင်းဘို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းဌာနက လည်း သူုတို့အနေနဲ့ ပေးဆောင် စရာရှိတာတွေကို ပေးဆောင်ပြီးဖြစ်တယ်လို့ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ အမျိုးသားညီညွတ်ရေးပါတီဟာ ၂၀၁၅ရွေးကောက်ပွဲအချိန်က သမ္မတကိုထောက်ခံခဲ့တာဖြစ်ပေမဲ့ လွှတ်တော်အတွင်းကန့်ကွက်တာတွေလုပ်ခဲ့လို့ တင်းမာလာကြတာပါ။

သမ္မတ အနေနဲ့ နိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို နှိပ်ကွပ်နေတယ် လို့ အများက ယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်၊ နိုဝင်ဘာလက လဲ လန်ဒန်အခြေစိုက် Lanka E News ၀က်ဆိုက်ကို သီရိလင်္ကာနိုင်ငံတွင်းမှာ ကြည့်လို့မရအောင် ပိတ်ထားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သီရိလင်္ကာနိုင်ငံ သမ္မတ နဲ့ ၀န်ကြီးချုပ် အကြား တင်းမာမှု ကြီးထွား သီရိလင်္ကာနိုင်ငံ သမ္မတ နဲ့ ၀န်ကြီးချုပ် အကြား တင်းမာမှု ကြီးထွား Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.