၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒီပါရုံကျေးရွာနေ မ××××××(၁၃)နှစ်သည် တောတန်း၌ အိမ်သာတက်နေစဉ် တစ်ရွာတည်းနေ စောထွန်းအောင် (၅၄)နှစ်မှ သားမယားပြုကျင့်ကြောင်း ပြောပြသိရှိရသဖြင့် အဖွားဖြစ်သူမှ အမှုဖွင့် တိုင်တန်းထားကြောင်း သိရပါသည်။
တိုင်တန်းချက်အရ စောထွန်းအောင် အား ပုဏ္ဏားကျွန်းမြို့မရဲစခန်း(ပ)၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
တောတန်း၌ အိမ်သာတက်နေစဉ် သားမယားပြုကျင့် ခံရ
Reviewed by THITHTOOLWIN
on
23:50
Rating: