ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၆၅ ဦးထိ မြင့်တက်လာ

ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
ဂွာတီမလာစီးတီး ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

    ဂွာတီမာလာနိုင်ငံ မြို့ တော်အနီး၌ ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ဦးရေ ၆၅ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ယနေ့ ( ဇွန် ၅ ရက် ) သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းမီးတောင်လှုပ်ရှားမှုမှာ ယခုနှစ် အတွင်း စံချိန်တင်လောက်သည် အထိ ပြင်းထန်စွာလှုပ်ရှားခြင်းဖြစ်ကြောင်း သတင်းပေးပို့မှုများအရသိရသည်။ မီးတောင်လှုပ်ရှားမှုကြောင့် လူပေါင်း ၃ထောင်ကျော်ကို ဘေးလွတ်ရာသို့  ပြောင်းရွှေ့ ပေးခဲ့ရကြောင်း နှင့် ဒေသခံ လူပေါင်း ၁.၇ သန်းအား အကျိုးသက်ရောက် မှု ရှိနိုင် ကြောင်း သတင်းထုတ်ပြန်ထားသည်။


Fuego မီးတောင်မှာ မြို့တော် ၏ အနောက်ဘက် ကီလိုမီတာ ၅ဝ အကွာ၌ တည်ရှိကြောင်း သိရသည်။

မီးတောင်မှထွက်သည့်ပြာများသည် ကားများ လမ်းများ စသည့်နေရာအနှံ့တွင်ဖုံးလွှမ်းသွားပြီး အစိုးရ အာဏာပိုင်များက ပြည်သူများကို မျက်နှာဖုံးနှာခေါင်းစည်းများတပ်ဆင်သွားလာရန် ညွှန်ကြားထားသည်။ ထိုမီးတောင်လှုပ်ရှားမှုများကြောင့် ဂွာတီမာလာ ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်းယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

(Xinhua)
http://xinhuamyanmar.com
ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၆၅ ဦးထိ မြင့်တက်လာ ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၆၅ ဦးထိ မြင့်တက်လာ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.