မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကန်တော်ဒေသ ထိန်းကန် ရေဝင်များပြီး ရေတိုက်စား ကျိုးပဲ့

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကန်တော်ဒေသ ထိန်းကန် ရေဝင်များပြီး ရေတိုက်စား ကျိုးပဲ့
ပခုက္ကူ ဇွန် ၆

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဒေသ ထိန်းသိမ်းကန်မှ ရေပိုရေလွှဲ ပေ (၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့် ယနေ့ နံနက် ၅ နာရီခန့်က ကျိုးပဲ့ခဲ့သည်။

အဆိုပါ ရေပိုလွှဲမှ ရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင်အမှတ် ၁၁/၂ ကန်တော် အရှေ့ ရေကျော် တွင် ၁ ပေခန့် ရေကျော်မှုဖြစ် ပွားခြင်းကြောင့် ယာဉ်သွားမှု ခေတ္တရပ်ဆိုင်း ခဲ့ကြောင်းသိရသည်။

ထိုရေဝင် တိုက်စားကျိုးပဲ့သည့် ကန်တော်ဒေသ ထိန်းကန်သို့ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြင့်ဆောင်၊ ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ဆည်မြောင်း)မှ ခရိုင်ဦးစီးမှူး ဦးဇော်ဦးနှင့် ဝန်ထမ်းများ၊ မီးသတ် ဝန်းထမ်းများ၊ ဌာနဆိုင်ရာများက သွားရောက်စစ်ဆေး ကြည့်ရှုကြပြီး ရေပို လွှဲနှင့် ကန်ပေါင်များ ထပ်မံ မပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု အခက် အခဲ မဖြစ်စေရန် တို့အတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း ၍ စက်အား၊ လူအားများဖြင့် ဝိုင်းဝန်း ဆောင်ရွက် ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကန်တော်ဒေသ ထိန်းကန် ရေဝင်များပြီး ရေတိုက်စား ကျိုးပဲ့ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကန်တော်ဒေသ ထိန်းကန် ရေဝင်များပြီး ရေတိုက်စား ကျိုးပဲ့ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.