ဟိုပင်၌ ကျောင်းသား(၄)ဦးပျောက်ဆုံးနေ


မြစ်ကြီးနား၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ မြသီတာကျောင်းမှ နဝမတန်းကျောင်းသား(၂)ဦးနှင့် အဌမတန်းကျောင်းသား(၂)ဦးတို့မှာ ဇွန်လ၁၈ရက်နေ့က ပျောက်ဆုံးလျှက်ရှိပြီး အခုချိန်ထိ အဆက်အသွယ် မရသေးကြောင်းသိရသည်။


ယင်းပျောက်ဆုံးနေသော ကျောင်းသား(၄)ဦးတို့မှာ မြကျွန်းသာရပ်ကွက်နေသူများဖြစ်ကြပြီး မောင်သန့်ဇင်ထွန်း(ခ) ရှမ်းလေး၊(ဘ)ဦးအိုက်ပီး၊ မောင်ဝေမင်းစိုး (ဘ) ဦးဝင်းနွယ်၊ မောင်လင်းမြတ်သူ(ဘ)ဦးလှဖေ၊ မောင်ကျော်ဇင်မျိုး(ခ)ကျော်မျိုးသန့် (ဘ)ဦးဇော်ဝင်းတို့ဖြစ်ပြီး မိမိနေအိမ်သို့ နေ့လည်စားလာရောက်စားသောက်ပြီးနောက် ကျောင်းသို့ပြန်လည်ထွက်ခွာသွားခဲ့ရာ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးလျှက်ရှိနေကြောင်းသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့၏မိဘဆွေမျိုးများက ကူညီရှာဖွေပေးရန် ဟိုပင်နယ်မြေရဲစခန်း၌ လူပျောက်အမှတ်စဉ် (၄/၂၀၁၈)ဖြင့် အရေးဖွင့်စုံစမ်း ဆောင်ရွက်ထားကြောင်းသိရှိရသည်။

လွမ်းအောင် / EPN
https://www.facebook.com/epngnews/
ဟိုပင်၌ ကျောင်းသား(၄)ဦးပျောက်ဆုံးနေ ဟိုပင်၌ ကျောင်းသား(၄)ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.