နေရပ်ပြန်ဘင်္ဂါလီ ၆၂ ဦးထဲမှ ၁၀ ဦးထွက်ပြေး


သတင်း/ဓါတ်ပုံ - ချလူးအောင်

တစ်ဖက်နိုင်ငံဘင်္ဂလားဒေရှ့်မှ နေရပ်ပြန်လာသည့် ဘင်္ဂါလီ ၆၂ ဦးထဲမှ ၁၀ ဦးမှာ ယာယီနေရာ ချပေးထားသော လှဖိုးခေါင်ကြားစခန်းမှနေ မေလ ၃၀ ရက်နေ့နှင့် မေလ ၃၁ ရက်နေ့တို့တွင် အသီးသီးထွက်ပြေး သွားခဲ့ ကြကြောင်း သိရသည်။


ထိုသို့ထွက်ပြေးသွားသူ ၁၀ ဦးမှာ ငခူးရကျေးရွာမှ ၃ ဦး၊ ဒိုးတန်းကျေးရွာမှ ၃ ဦး၊ ရပ်ကွက်(၅)မှ ၁ ဦး၊ ငါးစားကြူးကျေးရွာမှ ၁ ဦး၊ တောင်ပြိုလက်ဝဲမြို့ ရပ်ကွက်(၁)မှ ၁ ဦးနှင့် (ပ)ညောင်ပင်ကြီးမှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။


နေရပ်ပြန်ဘင်္ဂါလီ ၆၂ ဦးတို့အား လှဖိုးခေါင်(ယာယီ)စခန်းတွင်ထားရှိခဲ့ပြီး မေလ ၃၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ၎င်းတို့၏ မူလနေရာများကို ပြန်လည် ပို့ဆောင်ပေးစဉ် ယင်းသို့ဘင်္ဂါလီ ၁၀ ဦး ထွက်ပြေးသွားခဲ့သည်ကို သိရှိ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ချလူးအောင်
Development Media Group
https://www.facebook.com/dmgnewsagency
နေရပ်ပြန်ဘင်္ဂါလီ ၆၂ ဦးထဲမှ ၁၀ ဦးထွက်ပြေး နေရပ်ပြန်ဘင်္ဂါလီ ၆၂ ဦးထဲမှ ၁၀ ဦးထွက်ပြေး Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.