လင်မယားချင်းစကားများရာမှ ဖျန်ဖြေသူဓားထိုးခံရ သေဆုံး


နေပြည်တော် ဇွန် ၎

ရွှေကူမြို့နယ် တူချောင်းကျေးရွာနေ ဆန်းဝင်းထွန်း(ခ)စန်းလင်းထွန်း(၂၇နှစ်)သည် ဇွန် ၂ ရက် ည ၉ နာရီ ၅ မိနစ်က ဇနီးဖြစ်သူ မခင်နှင်းရွှေ(၃ဝ နှစ်)နှင့် စကားများ ရန်ဖြစ်ပြီး နှစ်နှစ်အရွယ် သမီးဖြစ်သူအား ဆွဲခေါ်၍ နေအိမ်မှ ထွက်သွားမည်ပြုစဉ် ယောက္ခမ ဖြစ်သူ ဒေါ်သန်းသန်းမြင့်နှင့် ခယ်မဖြစ်သူ မခင်နှင်းဝေတို့က တားမြစ်ခဲ့သည်။

ယင်းသို့ တားမြစ်မှုကို ဆန်းဝင်းထွန်း(ခ)စန်းလင်းထွန်း က အသင့်ပါလာသော အရိုးအသွား ခြောက်လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးကာ ထွက်ပြေးသွားသောကြောင့် ဒေါ်သန်းသန်းမြင့်တွင် ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး မခင်နှင်းဝေတွင် ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဆန်းဝင်းထွန်း(ခ)စန်းလင်းထွန်းအား ရွှေကူမြို့မ ရဲစခန်းက အရေးယူထားကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင်မယားချင်းစကားများရာမှ ဖျန်ဖြေသူဓားထိုးခံရ သေဆုံး လင်မယားချင်းစကားများရာမှ ဖျန်ဖြေသူဓားထိုးခံရ သေဆုံး Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.