နိရဉ္စရာ၊ ဇွန် ၁၇
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စက်နိုးကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က မိုးကြိုးပစ်ခံရ၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာမှ ဦးအောင်လှထွန်း (၅၁) နှစ် ဖြစ်သည်ဟု သိရသည်။
“သူက စက်နိုးရွာအနီးမှာ ငှားထားတဲ့ လယ်မှာ ကန်သင်းဆည်နေတုန်းမှာ မိုးကြိုးထိမှန် သေဆုံးသွားတာပါ”ဟု ပေါက်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပေါက်တောမြို့မ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားသည်ဟု သိရှိရသည်။
မေလ ၃၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သေးသည်။
ဓါတ်ပုံ-Kyaw Win ဖေ့စ်ဘုတ်စာမျက်နှာ
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara