အမြန်လမ်းတွင် ငွေကမ္ဘာခရီးသည်တင် မှန်လုံယာဉ်(၁)စီး မီးလောင်


၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့် က ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၈/၇)၌ မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

 မြင်းခြံမြို့၊ (၆)ရပ်ကွက်နေ မိုးကျော်ဇင်(၃၈)နှစ် မောင်းနှင်သော 1J/×××× ငွေကမ္ဘာခရီးသည်တင်မှန်လုံယာဉ်၏ အင်ဂျင်ခန်းရှိ တာဘိုမှ အပူရှိန်လွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်(၁,၀၀၀,၀၀၀)ခန့် ဆုံးရှုံးခဲ့ကာ ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မိုးကျော်ဇင် အား ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အရေး ယူထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သစ်ထူးလွင်
အမြန်လမ်းတွင် ငွေကမ္ဘာခရီးသည်တင် မှန်လုံယာဉ်(၁)စီး မီးလောင် အမြန်လမ်းတွင်  ငွေကမ္ဘာခရီးသည်တင် မှန်လုံယာဉ်(၁)စီး မီးလောင် Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.